အမေရိကန်-အီးယူ ကုန်သွယ်မှုသဘောတူညီချက်အသစ် ရရှိ

News Image

  • အမေရိကန်-အီးယူ ကုန်သွယ်မှုသဘောတူညီချက်အသစ် ရရှိ

အမေရိကန်-အီးယူ ကုန်သွယ်မှုသဘောတူညီချက်အသစ်ရရှိခဲ့ကြောင်း အမေရိကန်သမ္မတ ထရမ့်နှင့် ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလေယန်တို့က ဇူလိုင် ၂၇ ရက်တွင် ဗြိတိန်နိုင်ငံ စကော့တလန် South Ayrshire ပြည်နယ်ရှိ Turnberry ဂေါက်ကွင်း၌ အတူတကွ ကြေညာခဲ့သည်။
ဗွန်ဒါလေယန်နှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုအပြီးတွင် အီးယူမှ အမေရိကန်သို့ တင်သွင်းသော ကုန်ပစ္စည်းများအပေါ် အမေရိကန်က စည်းကြပ်ခွန် ၁၅ ရာခိုင်နှုန်းကောက်ခံခြင်း၊ အီးယူက အမေရိကန်အပေါ် ရင်းနှီးမြှုပ်နှံမှုကို ကန်ဒေါ်လာ ၆၀၀ ဘီလီယံ တိုးမြှင့်မည်ဖြစ်ပြီး ကန်ဒေါ်လာ ၇၅၀ ဘီလီယံတန်ဖိုးရှိသော အမေရိကန်စွမ်းအင်ဝယ်ယူခြင်း စသည်တို့အပါအဝင် သဘောတူညီချက် အသစ်၏ အသေးစိတ်အချက်အလက် တစ်စိတ်တစ်ပိုင်းကို ထရမ့်က ထုတ်ဖော်ပြောကြားခဲ့သည်။ 

ကိုးကား- ဆင်ဟွာ