အသံထက်မြန်သည့် လက်နက်စမ်းသပ်မှုတွင် အောင်မြင်မှု ရခဲ့ကြောင်းအမေရိကန်က ပြောကြား
အသံထက်မြန်သည့် လက်နက်စမ်းသပ်မှုတွင် အောင်မြင်မှု ရခဲ့ကြောင်းအမေရိကန်က ပြောကြားခဲ့သည်ဟု Reuters သတင်းဌာနက ဖော်ပြထားသည်။
အမေရိကန်ကာကွယ်ရေးဌာန (DoD) သည် ကြည်းတပ် နှင့်ရေတပ်တို့ ပူးပေါင်းတီထွင်ထားသည့် Dark Eagle ဟု အမည်ပေးထားသည့် အဆိုပါအသံထက်မြန်သည့် လက်နက်စနစ်အား အောင်မြင်စွာ စမ်းသပ်ခဲ့ကြောင်း အစီရင်ခံတင်ပြခဲ့ပါသည်။
အဆိုပါလက်နက်စနစ်သစ်၏ ဒုံးပျံပစ်လွှတ်မှုအား ကုန်းတွင်း သို့မဟုတ် သင်္ဘောမှ ပစ်လွှတ်နိုင်ပြီး အဆိုပါ လက်နက်၏ အကွာအဝေး ၁,၇၂၅ မိုင် (၂,၇၇၅ ကီလိုမီတာ) ရှိပြီး ထိပ်ဖူးသည် တစ်နာရီလျှင် မိုင် ၃,၈၀၀ (၆,၁၁၅ ကီလိုမီတာ) ကျော် အမြန်နှုန်းဖြင့် ပျံသန်းနိုင်ကာ Mach 5 နှင့် ကိုက်ညီပြီး အဆိုပါ လက်နက်အား အသံထက်မြန်သော ဒုံးကျည်အဖြစ် သတ်မှတ်ထားပါသည်။
အမေရိကန် ဒုံးကျည်ကာကွယ်ရေးအေဂျင်စီသည် ဂူအမ်တွင် ဝေဟင်ပစ် တာလတ် ပဲ့ထိန်းဒုံးကျည်ကို အောင်မြင်စွာ ကြားဖြတ်ဟန့်တားနိုင်ခဲ့ကြောင်း ဒီဇင်ဘာ ၁၁ ရက်နေ့တွင် ပင်တဂွန်စစ်ဌာနချုပ်က ၎င်းတို့၏ ကြီးမားသောကာကွယ်ရေး အောင်မြင်မှုအဖြစ် ကြွေးကြော် ခဲ့ကြောင်း Reuters သတင်းဌာနက ဖော်ပြထားသည်။
ကိုးကား - Reuters