အစ္စရေးက ဆီးရီးယားရှိ စစ်ရေးတည်နေရာများကို ဗုံးကြဲတိုက်ခိုက်ပြီး Quneitra မြို့ရှိ လမ်းများကို ဖျက်ဆီး
အစ္စရေးမြေပြင်တပ်များက Quneitra မြို့၏ အရှေ့တောင်ဘက်ရှိ လမ်းများ၊ ဓာတ်အားလိုင်းများနှင့် ရေကြောင်းဆက်သွယ်ရေးနေရာများကို ဖျက်ဆီး၍ အစ္စရေးလေတပ်က ဆီးရီးယားနိုင်ငံအနှံ့အပြားရှိ စစ်ရေးတည်နေရာများကို ဒုံးကျည်များဖြင့် လေကြောင်း တိုက်ခိုက်မှု ၆၁ ကြိမ် ပြုလုပ်ခဲ့သည်။
ဆီးရီးယား၏ လက်ရှိအာဏာရခေါင်းဆောင် Ahmed al- Sharaa က အစ္စရေး၏ မြေပြင်တိုက်ခိုက်မှုများနှင့် အဆက်မပြတ် လေကြောင်းတိုက်ခိုက်မှုများအပေါ် ပြစ်တင်ရှုတ်ချခဲ့ပြီး လက်ရှိဆီးရီးယားနိုင်ငံအနေဖြင့် နောက်ထပ် ပဋိပက္ခတစ်ခုအား ဖြေရှင်းဆောင်ရွက်ရန် အလွန်အမင်း ခြေကုန်လက်ပန်းကျနေပြီဖြစ်ကြောင်း ထည့်သွင်းပြောကြားထားသည်။
အာရပ်နိုင်ငံ ၈ နိုင်ငံ၊ တူရကီနိုင်ငံနှင့် အမေရိကန်နိုင်ငံ တို့မှထိပ်တန်းသံတမန်များက ဆီးရီးယားအနာဂတ် အရေးဆွေးနွေးရန်အတွက် ဂျော်ဒန်နိုင်ငံတွင် တွေ့ဆုံခဲ့ ကြပြီး ငြိမ်းချမ်း၍ အားလုံးပါဝင်သော နိုင်ငံရေး အသွင်ကူးပြောင်းမှုကိစ္စကို ဆောင်ရွက်သွားရန် လိုအပ် ကြောင်း ဆွေးနွေးခဲ့ကြသည်။
ကိုးကား - AI Jazeera