အမေရိကန်မဂ္ဂဇင်း Newsweek က တတိယကမ္ဘာစစ်၏ ရှေ့တန်းစစ်မျက်နှာစာဟုယူဆရသည့် မြေပုံတစ်ခုကို ပြသ

News Image

  • အမေရိကန်မဂ္ဂဇင်း Newsweek က တတိယကမ္ဘာစစ်၏ ရှေ့တန်းစစ်မျက်နှာစာဟုယူဆရသည့် မြေပုံတစ်ခုကို ပြသ

အမေရိကန်မဂ္ဂဇင်း Newsweek က တတိယကမ္ဘာစစ်၏ ရှေ့တန်းစစ်မျက်နှာစာဟု ယူဆရသည့် မြေပုံတစ်ခုကို ပြသခဲ့ကြောင်း RIA သတင်းအေဂျင်စီက ဖော်ပြထား ပါသည်။ အဆိုပါ ထုတ်ဝေမှုအရ ဥရောပတိုက်၏ ရှေ့တန်းစစ်မျက်နှာသည် ရုရှားနှင့် ဖင်လန်နယ်စပ်မှ အက်စတိုးနီးယား၊ လတ်ဗီးယား၊ လီသူးယေးနီးယား၊ ဆွီဒင်နှင့် ပိုလန်မှ ဂျာမနီအထိ ကျယ်ပြန့်နိုင်ပါသည်။ ထိုမဂ္ဂဇင်းသည် ပိုလန်နှင့် လီသူးယေးနီးယား အကြား ဆွာဝယ်ကီလမ်းကြောင်းကို အထူးအာရုံစိုက်ခဲ့ပြီး၎င်း၏ အမြင်အရ ရုရှားနိုင်ငံ၏ ကလင်နင်ဂရတ် ဒေသနှင့်ဘီလာရုစ်အကြား တည်နေရာကြောင့် ပထမဆုံး တိုက်ခိုက်ရာနေရာ ဖြစ်လာနိုင်ကြောင်း ဖော်ပြထား ပါသည်။

Newsweek၏အဆိုအရ Black နှင့် Azov ပင်လယ်များ တွင်လည်းတိုက်ပွဲများ ဖြစ်ပွားနိုင်ပါသည်။ တောင်ပိုင်းတွင် ရုရှားနိုင်ငံ၊ အာဘတ်ဇီးယားဒေသ၏ ခိုင်မာသော ရပ်တည်ချက်သည် NATO၏ လုပ်ဆောင်ချက်များကို ရှုပ်ထွေးစေနိုင်ပါသည်။

အစောပိုင်းတွင် ရုရှားသမ္မတဗလာဒီမီယာပူတင်က မော်စကိုသည် နေတိုးနိုင်ငံများကို တိုက်ခိုက်မည် မဟုတ်ကြောင်းနှင့် ရုရှားက အနောက်နိုင်ငံများကို ရန်လိုနေသည် ဟူသောစကားများသည် အနောက် နိုင်ငံများက ၎င်းတို့၏ ပြည်တွင်းပြဿနာများမှ အာရုံ စိုက်မှုကို လွှဲပြောင်းရန် အသုံးပြုနေကြောင်း ပြောကြား ခဲ့ပါသည်။

မကြာသေးမီနှစ်များအတွင်း ရုရှားသည် အနောက်ဘက် နယ်စပ်အနီးရှိ NATOအဖွဲ့၏ လှုပ်ရှားမှုများကို မှတ်တမ်းတင်နေခဲ့ပြီး ရုရှားသည် ဥရောပတွင် နေတိုး အဖွဲ့၏စစ်ရေးတည်ရှိမှု တိုးလာနေမှုအပေါ် စိုးရိမ်ကြောင်းထုတ်ဖော်ပြောကြားထားကြောင်း သိရှိရသည်။

ကိုးကား - RIA သတင်းအေဂျင်စီ