ရုရှားကို အမေရိကန်လက်နက်များဖြင့် တိုက်ခိုက်ရန် ဘိုင်ဒန်အစိုးရဆုံးဖြတ်ချက်ကို ထရန့်က ဝေဖန်နေချိန်တွင် ယူကရိန်းသို့ လက်နက်ပို့ဆောင်မှု အရှိန်မြှင့် လုပ်ဆောင်နေကြောင်း ဘိုင်ဒန်အစိုးရ တာဝန်ရှိသူ ပြောကြား
ဘိုင်ဒန်အစိုးရသည် တာဝန်ကုန်ဆုံးမည့်နောက်ဆုံးရက်များအတွင်း ယူကရိန်းသို့ စစ်ဖက်ဆိုင်ရာလက်နက်များ ထောက်ပံ့ပေးမှုကို ၂၀၂၅ ခုနှစ် တာဝန်မလွှဲပြောင်းမီ ရက်အထိ အရှိန်မြှင့် လုပ်ဆောင်နေကြောင်း ဘိုင်ဒန်၏ အကြီးတန်းအုပ်ချုပ်ရေးအရာရှိတစ်ဦးက ပြောကြားလိုက် ပါသည်။
ဒီဇင်ဘာ ၁၂ ရက်နေ့ထုတ် Time မဂ္ဂဇင်းနှင့်တွေ့ဆုံ မေးမြန်းခန်းတစ်ခုတွင် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်က အမေရိကန်က ထောက်ပံ့ပေးသော လက်နက်များအသုံးပြု၍ ယူကရိန်းက ရုရှားပိုင်နက် အတွင်းကို တိုက်ခိုက်ရန် မကြာသေးမီက အမေရိကန်၏ ခွင့်ပြုခဲ့မှုကို ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုထား ပါသည်။ အဆိုပါ လုပ်ရပ်မှာ ထရန့်အစိုးရအဖွဲ့သစ်၏ တွန်းအားပေးမှုနှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်နေပါသည်။
ယူကရိန်းကို နောက်ဆုံးအကြိမ် ထောက်ပံ့ရန်အတွက် ဘိုင်ဒင်အစိုးရက ဒီဇင်ဘာ ၁၂ ရက်နေ့ညနေပိုင်းတွင် အမေရိကန်၏ ဒေါ်လာသန်း ၅၀၀ အထူး အကူအညီ ပေးရေးအစီအစဉ်ကို ကြေညာလိုက်ပါသည်။
အမေရိကန်သမ္မတဘိုင်ဒန် ရာထူးမဆင်းမီ ၎င်း၏ ကတိကဝတ်အရ ယူကရိန်းအစိုးရသည် စစ်ဖက် လက်နက်များကို လွှဲပြောင်းရယူရန် စီမံဆောင်ရွက် နေကြောင်း အကြီးတန်းအုပ်ချုပ်ရေးအရာရှိက CNN သို့ ပြောကြားခဲ့ပါသည်။
လာမည့်ငါးပတ်အတွင်း ယူကရိန်းသို့ လက်နက် အမြောက်အမြားရွှေ့ပြောင်းပေးရန် သမိုင်းဝင်ကြိုးပမ်းမှုတစ်ရပ်ကို လုပ်ဆောင်နေကြကြောင်း၊ လာမည့် ဇန်နဝါရီ လလယ်ပိုင်းအတွင်း ယူကရိန်းနိုင်ငံသို့ရာနှင့်ချီသော အမြောက်ကျည်များ၊ သံချပ်ကာယာဉ်များ၊ ဒုံးပျံထောင်ပေါင်းများစွာနှင့် အခြားသော အရေးပါသည့် စစ်လက်နက်များကို ယူကရိန်းနိုင်ငံသို့ ပေးပို့သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ကိုးကား - CNN