Oreshnik တာလတ်ပစ်ဒုံးကျည်များ ဆက်လက် ထုတ်လုပ်သွားမည်ဖြစ်ကြောင်း ရုရှားသမ္မတ ပူတင် ပြောကြား

News Image

  • Oreshnik တာလတ်ပစ်ဒုံးကျည်များ ဆက်လက် ထုတ်လုပ်သွားမည်ဖြစ်ကြောင်း ရုရှားသမ္မတ ပူတင် ပြောကြား

ရုရှားနိုင်ငံ၏ နောက်ဆုံးပေါ် ခေတ်မီစွမ်းအားမြင့် လက်နက်တစ်ခုဖြစ်သည့် Oreshnik တာလတ်ပစ်ဒုံးကျည်ဖြင့် မိမိနိုင်ငံပိုင်နက်အတွင်း တိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေဖြင့် ပြီးခဲ့သည့် နိုဝင်ဘာလက အောင်မြင်စွာအသုံးပြုနိုင်ခဲ့ကြောင်း ရုရှားခေါင်းဆောင် က ပြန်ပြောင်းပြောဆိုလိုက်သည်။

မကြာမီ အချိန်တိုအတွင်းမှာ  နျူကလီးယား တပ်ဆင်ထားခြင်းမဟုတ်ဘဲ အသံထက်မြန်သည့်  Oreshnik တာလတ်ပစ်ဒုံးကျည်များကို ဆက်လက်ထုတ်လုပ်တော့မည်ဖြစ်ကြောင်း၊ရုရှားနှင့်မဟာမိတ်နိုင်ငံများ၏ လုံခြုံရေးစိတ်ချရစေရန်အတွက် စတင်အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ရုရှားကာကွယ်ရေးဝန်ကြီး၏ ဘုတ်အဖွဲ့အစည်းအဝေး တွင် အတိအလင်းပြောကြားလိုက်ကြောင်း TASS သတင်းဌာနက ဒီဇင်ဘာ ၁၆ ရက်နေ့တွင် ဖော်ပြထားပါသည်။

ကိုးကား - TASS