ဂါဇာရှိ ကုလသမဂ္ဂအကူအညီဖြင့် လည်ပတ်နေသည့် စာသင်ကျောင်း ဗုံးခွဲခံရသဖြင့် ပါလက်စတိုင်း ၂၀ ကျော် သေဆုံး
ဂါဇာဒေသရှိ ကုလသမဂ္ဂအကူအညီအထောက်အပံ့ဖြင့် လည်ပတ်နေသည့် စာသင်ကျောင်းကို သတိပေးခြင်းမရှိဘဲ အစ္စရေးစစ်တပ်က ဗုံးခွဲတိုက်ခိုက်လိုက်သဖြင့် ထိုအဆောက်အအုံတွင်း ခိုလှုံနေထိုင်နေသူ ပါလက်စတိုင်းလူမျိုး အနည်းဆုံး ၂၀ ဦးသေဆုံးသွားကြောင်း၊ ထိုဖြစ်စဉ်တွင် အစ္စရေးတပ်များသည် Nuseriat ဒုက္ခသည်စခန်းအပါအဝင် ထိုနယ်မြေတဝိုက်ကို ဝန်းရံပိတ်ဆို့တိုက်ခိုက်မှုကြောင့် သေဆုံးသွားရကြောင်း မျက်မြင်သက်သေများက AIJazeera သို့ ပြောကြားလိုက် ပါသည်။
ထိုဖြစ်စဉ်မတိုင်မီ ၂၄ နာရီအတွင်း ဂါဇာဒေသအတွင်း တွင် အစ္စရေးတိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းလူမျိုး ၆၀ ကျော် သေဆုံးသွားရပြီဖြစ်ကြောင်း ပါလက်စတိုင်း တာဝန်ရှိသူများက အတည်ပြုပြောကြားထားပါသည်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့မှစတင်၍ ဂါဇာဒေသရှိ အစ္စရေးစစ်တပ်တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းလူမျိုး သေဆုံးသူဦးရေမှာ လက်ရှိ ဒီဇင်ဘာလ ၁၆ ရက်အထိ ၄၅,၀၂၈ ဦးအထိ ရှိလာပြီး ဒဏ်ရာရရှိသူဦးရေမှာ ၁၀၆,၉၆၂ ဦးဖြစ်ကြောင်း ဂါဇာဒေသ ကျန်းမာရေးဝန်ကြီးဌာန၏ ဒီဇင်ဘာလ ၁၆ ရက်နေ့ ပြောကြားချက်အရ သိရှိရပါသည်။
ကိုးကား - AIJazeera