ယူကရိန်းပဋိပက္ခ အရှုပ်တော်ပုံမှ အမေရိကန်ဆုတ်ခွာနိုင်ရန် ကြိုးစားနေကြောင်း ထရမ့်ပြော

News Image

  • ယူကရိန်းပဋိပက္ခ အရှုပ်တော်ပုံမှ အမေရိကန်ဆုတ်ခွာနိုင်ရန် ကြိုးစား နေကြောင်း ထရမ့်ပြော

ဩဂုတ်လ ၅ ရက်နေ့တွင် သမ္မတ ဒေါ်နယ်ထရမ့်က ယူကရိန်းတွင် တိုးမြှင့် ဆောင်ရွက်နေသည့် အင်အားသုံး စစ်မှုထမ်းဆောင်ရေး ကမ်ပိန်းကြောင့် အမေရိကန်အနေဖြင့် ယူကရိန်းအား မည်သည့်အတွက်ကြောင့်ထောက်ပံ့မှုများ ဆက်လက်ပေးအပ်နေသနည်းဟု မေးမြန်းမှုကို "ယင်းမှာ ဘိုင်ဒင့်စစ်ပွဲသာဖြစ်ပြီး ကျွန်တော့်စစ်ပွဲမဟုတ်ပါ။ ထိုအရှုပ်ကြီးကနေ အမေရိကန်ကို ထုတ်ပေးရန်အတွက် ယခုနေရာသို့ရောက်နေခြင်းပါ" ဟု ပြန်လည်ဖြေကြားခဲ့သည်။ သတင်းထောက်က ယူကရိန်းခေါင်းဆောင် ဇီလန်စကီး၏ အသက် ၆၀ အထက် အမျိုးသားများအား စစ်မှုထမ်းရန် ခေါ်ယူသည့် ပြီးခဲ့သည့် ပြဋ္ဌာန်းချက်ကို ရည်ညွှန်းကာ မေးမြန်းခြင်း ဖြစ်သည်။

မကြာသေးမီ သီတင်းပတ်များအတွင်း အမေရိကန်သမ္မတက မော်စကို အား ယူကရိန်းနှင့် စစ်ပြေငြိမ်းရေး လက်ခံစေရန် ဖိအားပေးရန်အတွက် ရုရှား၏ ကုန်သွယ်ဖက်များကို ပစ်မှတ်ထားသည့် ၁၀၀% အကောက်ခွန် နှင့် မြင့်မားသည့်ဒဏ်ခတ်မှုများ ချမှတ်ရန် ခြိမ်းခြောက်ခဲ့ပြီး ရုရှားက ထိုအစီအမံများအား တရားမဝင်ဟု ရှုတ်ချခဲ့သည်။

ထရမ့်အား ၎င်းခြိမ်းခြောက်မှုများကို အကောင်အထည်ဖော် ဆောင်ရွက်ရန် အဆင်သင့်ရှိ၊မရှိ မေးမြန်းမှုနှင့်ပတ်သက်၍ ၎င်း၏ အထူးကိုယ်စားလှယ် Steve Witkoff ပါဝင်သည့် ရုရှားနိုင်ငံတွင် ယခုသီတင်းပတ်အတွင်းကျင်းပမည့် အစည်းအဝေးအပြီးမှသာ ဆုံးဖြတ်ချက်ချမှတ်မည်ဟု ဖြေကြား ခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂