ဒရုန်းအသုံးပြုစစ်ပွဲအတွက် အလှည့်အပြောင်း အသံနှုန်းလွန် ဒရုန်း

News Image

  • ဒရုန်းအသုံးပြုစစ်ပွဲအတွက် အလှည့်အပြောင်း အသံနှုန်းလွန် ဒရုန်း

အသံနှုန်းလွန်နည်းပညာဆိုတာ လက်ရှိအချိန်အထိ  နိုင်ငံအနည်းငယ်ပဲ ပိုင်ဆိုင် သေးတဲ့နည်းပညာတစ်ခုပါ။ တရုတ်နိုင်ငံကတော့ အဲဒီနိုင်ငံတွေထဲမှာ အပါအဝင်ပေါ့။ အခုသူတို့က ဒရုန်းအသုံးပြုစစ်ပွဲကို အလှည့်အပြောင်းဖြစ်စေမယ့် ဒရုန်းတစ်မျိုးကို အောင်မြင်စွာ စမ်းသပ်လိုက်နိုင်ပါပြီ။ သူတို့စမ်းသပ်လိုက်နိုင်တာက အသံနှုန်းလွန်ဒရုန်းပါ။

ဒီဒရုန်းကို MD-19 လို့ အမည်ပေးထားပါတယ်။ သူ့ရဲ့အားသာချက်များအနက် တစ်ခုက ပြေးလမ်းပေါ်မှာ အလျားလိုက် အောင်မြင်စွာပြန်လည် ဆင်းသက်နိုင်တာ ဖြစ်ပါတယ်။ ဒီလိုမျိုးဆင်းသက်နိုင်ခြင်းကြောင့် တခြားဒရုန်းတွေလိုမျိုးတစ်ခါ၊ နှစ်ခါသုံးမဟုတ်ဘဲ အကြိမ်ကြိမ်ပြန်သုံးနိုင်တဲ့ စွမ်းဆောင်ရည်မြင့် ဒရုန်းအဖြစ်ကို ပိုင်ဆိုင်လာတာပါ။

သူ့ကိုစမ်းသပ်မှုလုပ်စဉ်မှာ TB-001  ဆိုတဲ့  တိုက်ခိုက်ရေးနဲ့ ကင်းထောက်မောင်းသူမဲ့ လေယာဉ်ပေါ်ကနေ MD-19 ကို လေထဲမှာလွှတ်လိုက်ပါတယ်။ MD-19 က လေထဲမှာ အလွန်လျင်မြန်တဲ့အရှိန်နဲ့ ပျံသန်းသွားပြီးပြေးလမ်းပေါ်မှာ အောင်မြင်စွာ ဆင်းသက်လိုက်နိုင်တာဖြစ်ပါတယ်။

ဘူဂေးရီးယားတပ်မတော်ရဲ့ ထုတ်ပြန်ချက်အရဆိုရင် MD-19  လေယာဉ်က လေရှူစခရမ်ဂျက်အင်ဂျင်ကို အသုံးပြုထားတာမျိုး မဟုတ်ဘဲ  ဒုံးအင်ဂျင်ကို အသုံးပြုထားတာဖြစ်နိုင်တယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။

Source: Myawady Webportal