ဆန်းသစ်တဲ့ဒီဇိုင်း မြင့်မားတဲ့နည်းပညာများနဲ့ ထွက်ပေါ်လာတဲ့ XPeng P7

News Image

  • ဆန်းသစ်တဲ့ဒီဇိုင်း မြင့်မားတဲ့နည်းပညာများနဲ့ ထွက်ပေါ်လာတဲ့ XPeng P7

လျှပ်စစ်ကားဈေးကွက်ထဲမှာ အခုဆိုရင်ပြိုင်ဆိုင်မှုက သိပ်ကိုပြင်းထန်လာတာ တွေ့နေရပါတယ်။ အထူးသဖြင့် တရုတ်နိုင်ငံထဲမှာ ဆိုရင် နည်းပညာတိုးတက်မှုနဲ့အတူ ဝယ် ယူသူတွေကိုဆွဲဆောင်နိုင်ဖို့က အလွန် အရေးပါလာပါတယ်။ ဒီအချက်ကိုကောင်း ကောင်းကြီးသိတဲ့ XPeng ကုမ္ပဏီက P7 အမျိုးအစား ဇိမ်ခံကားအသစ်ကိုထုတ် လုပ်လိုက်ခြင်းအားဖြင့် ဈေးကွက်ဝေစု ကိုမျှဝေယူလိုက်နိုင်တာတွေ့ရပါတယ်။

XPeng က သူတို့ရဲ့မော်ဒယ်အသစ် P7 ကို ဩဂုတ်လ ၆ ရက်မှာတရားဝင်ထုတ် ဖော်ပြသမိတ်ဆက်လိုက်တာပါ။ ဒီလိုမျိုး မိတ်ဆက်ပြီးတစ်ရက်အကြာ ဩဂုတ်လ ၇ ရက်မှာတော့ P7 ကိုဝယ်ယူမှုအတွက် ကြိုတင်အမှာစာစောင်ရေ ၁၀၀၀၀ အထိ လက်ခံရရှိလိုက်ပါတယ်။ အမှာစာအတွက် ပေးရတဲ့စရန်ငွေကလည်း ပြောရလောက် အောင်မများပါဘူး။ သို့ပေမယ့် P7 ကို လူကြိုက်များရတဲ့ အဓိက အကြောင်းရင်းက သူ့မှာပါဝင်တဲ့အဆင့်မြင့်နည်းပညာ၊ အမြန်အားသွင်းစနစ်၊ မြင်သူတိုင်းစွဲမက် လောက်စေတဲ့ဒီဇိုင်းတို့က အသုံးပြုသူ များရဲ့လိုလားချက်နဲ့ ကိုက်ညီသွားတာ ကြောင့်ဖြစ်ပါတယ်။

အရင်ဆုံးဒီဇိုင်းပိုင်းကိုပြောရရင် ရှေ့ဘက်မီးတန်းက အင်္ဂလိပ်အက္ခရာ H  ပုံစံ နဲ့မနားတမ်းပြေးနေတဲ့ LED မီးတန်းကို ထည့်ပေးထားပါတယ်။ နောက်မီးတန်း ကိုလည်း အလားတူတပ်ထားပါတယ်။ ကားရဲ့အရှည်ကလည်း တော်တော်လေး ကိုရှည်လာတာ တွေ့ရပါတယ်။ အလျား က ၅၀၁၇ မီလီမီတာ၊ အနံက ၁၉၇၀ မီလီ မီတာ၊ အမြင့်က ၁၄၂၇ မီလီမီတာနဲ့ ကား ဘီးအကွာအဝေးက ၃၀၀၈ မီလီမီတာရှိ ပါတယ်။ ကားရဲ့ပုံစံကတော့ကြော့ရှင်း တဲ့ပုံစံရှိပါတယ်။

အတွင်းပိုင်းမှာတော့ နည်းပညာအစု အဝေးလို့ခေါ်ရလောက်အောင်ကို နည်း ပညာပိုင်းဆိုင်ရာ အဆင့်မြှင့်တင်မှုတွေ လုပ်ထားပါတယ်။ သူ့ရဲ့အဓိကဆွဲဆောင် မှုက ၁၅ ဒသမ ၆ လက်ရှိတဲ့ ထိန်းချုပ် စခရင်ဖြစ်ပါတယ်။ တခြားကားတွေက အဲဒီစခရင်ကို အသေတပ်ထားပေမယ့် P7 မှာတော့ သူ့ကိုရွှေ့လို့ရပါတယ်။ အထက် အောက်ဘေးဘယ်ညာ ၂၅ ဒီဂရီစောင်းလို့ ရပါတယ်။ အသံနဲ့သာမက လက်ဟန်နဲ့ လည်းထိန်းချုပ်နိုင်ပါတယ်။

သူ့မှာ ၈၇ လက်မရှိတဲ့ AR-HUD လည်း ပါဝင်ပါတယ်။ သူက ရှေ့လေကာမှန်မှာ အချက်အလက်တွေကို မြင်ရတဲ့စနစ်ပါ။ ဒါ့အပြင် အတွင်းကနေတံခါးဖွင့်တဲ့စနစ် က အရင်လိုမျိုး လက်ကိုင်နဲ့ဖွင့်ရတာမျိုး မဟုတ်ဘဲ ခလုတ်လေးကို ထိလိုက်ရုံနဲ့ ပွင့်သွားတာမျိုးဖြစ်ပါတယ်။ နောက်မှာ ထိုင်တဲ့သူတွေအတွက် အလယ်မှာဖန်သားပြင် တစ်ခုပါဝင်ပါသေးတယ်။ ပစ္စည်းထည့်ဖို့အတွင်းခန်း အကျယ်က   ၆၃၁ လီတာအထိရှိတာကြောင့် တော်တော်လေးကျယ်တဲ့ နေရာဖြစ်ပါတယ်။ ထိုင်ခုံတွေကို    ခေါက်လိုက်ရင်တော့   ၁၉၂၉ လီတာအထိရရှိမှာပါ။

ဘက်ထရီပိုင်းမှာဆိုရင်တော့ နှစ်မျိုး ခွဲထားပါတယ်။ ၇၄ ဒသမ ၉ ကီလိုဝပ်နာရီရှိတဲ့ LEP ဘက်ထရီနဲ့၉၂ ဒသမ ၂ ကီလိုဝပ်နာရီရှိတဲ့ လီသီယံဘက်ထရီဆို ပြီးတော့ရွေးချယ်နိုင်ပါတယ်။ နောက်ဘီး ယက်စနစ်ဆိုရင် ၂၇၀ ကီလိုဝပ်ရှိတဲ့ဘက်ထရီနဲ့ ဘီးအားလုံးယက် စနစ်မှာတော့၄၃၇ ကီလိုဝပ်ရှိတဲ့ ဘက်ထရီကို အသုံးပြုထားတာ ဖြစ်ပါတယ်။ ကိုယ်ရွေးချယ်တဲ့ ဘက်ထရီအပေါ်မူတည်ပြီး သွားလာနိုင် တဲ့ခရီးအကွာအဝေးက ၇၀၂ ကီလိုမီတာ မှသည် ၈၂၀ ကီလိုမီတာအထိရှိပါတယ်။  အားသွင်းတဲ့နေရာမှာလည်း ၁၀ မိနစ် အားသွင်းရုံနဲ့ ၅၁၂ ကီလိုမီတာအထိသွား နိုင်စေမှာဖြစ်ပါတယ်။

MWD