အစ္စရေးက ဂါဇာမြို့ကိုသိမ်းပိုက်ရန် အတည်ပြုလိုက်ပြီဟုဆို
အစ္စရေးအစိုးရ၏ လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းက ဝန်ကြီးချုပ် နေတန်ယာဟု၏ အစီအစဉ်ဖြစ်သော ဂါဇာမြို့ကိုသိမ်းပိုက်မည့် အစီအစဉ်ကို အတည်ပြုလိုက်ပြီဖြစ် ကြောင်း အစိုးရအဖွဲ့က ဩဂုတ်လ ၈ ရက် တွင် လူမှုကွန်ရက်၌ ထုတ်ပြန်ထားသည်။
ယခုကဲ့သို့လုပ်ဆောင်ခြင်းသည် ဟား မက်အဖွဲ့ကဖမ်းဆီးထားသော ဓားစာခံများ ၏ အသက်အန္တရာယ်ကို စိုးရိမ်ရသည်ဟု သတိပေးမှုများရှိသော်လည်း ဂါဇာကမ်း မြောင်ဒေသတစ်ခုလုံးကို အပြည့်အဝထိန်း ချုပ်နိုင်ရေးအတွက် အစ္စရေးအစိုးရက ကြိုးပမ်းလာခြင်းဖြစ်သည်ဟု လေ့လာသူများ ကပြောသည်။
အစ္စရေးအစိုးရအဖွဲ့ဝန်ကြီးများသည် ဂါဇာစစ်ပွဲ အဆုံးသတ်ရေးအတွက် အခြေအနေငါးခုကို အတည်ပြုကြောင်း၊ ထိုအခြေအနေများမှာ ဟားမက်အဖွဲ့ကို လက်နက်ဖြုတ်သိမ်းရေး၊ ဓားစာခံများအားလုံးကို ပြန်လွှတ်ပေးရေး၊ ဂါဇာဒေသကို စစ်မဲ့ဇုန် ဖြစ်စေရေး၊ အစ္စရေးက လုံခြုံရေးအရ ထိန်းချုပ်ရေးနှင့် စစ်ပြီးကာလတွင် ဟားမက် နှင့် ပါလက်စတိုင်း တာဝန်ရှိသူများမပါသည့် အရပ်ဘက်အုပ်ချုပ်ရေး စနစ်ကိုဖော်ဆောင်ရေးတို့ ဖြစ်သည်ဟု ဝန်ကြီးချုပ်ရုံး ကထုတ်ပြန်ထားသည်။
တစ်ချိန်တည်းမှာပင် အစ္စရေးတပ်မ တော်က မြေပြင်ထိုးစစ်ဆင် တိုက်ခိုက်မှု များမလုပ်ဆောင်မီ အောက်တိုဘာလ ၇ ရက်နောက်ဆုံးထား၍ ပါလက်စတိုင်းများ အနေဖြင့် ဂါဇာမြို့နေပြည်သူများကို ဘေးကင်းရာသို့ ရွှေ့ပြောင်းထားရန် သတိပေးချက် ထုတ်ပြန်ထားသည်။
အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကမူ ဟားမက်တို့အနေဖြင့် အစ္စရေး၏တောင်း ဆိုချက်များကိုလိုက်လျောပါက ယခုကဲ့သို့ ထိုးစစ်ဆင်မည့် အစီအစဉ်ကို ရပ်ဆိုင်းပေး မည်ဟုပြောထားသည်။
MWD