မြောက်ကိုရီးယားက တောင်ကိုရီးယားနှင့်နယ်စပ်ရှိ ဝါဒဖြန့်ချိရေးအသံချဲ့စက်များကို ဖြုတ်သိမ်းနေပြီ ဟုဆို

News Image

  • မြောက်ကိုရီးယားက တောင်ကိုရီးယားနှင့်နယ်စပ်ရှိ ဝါဒဖြန့်ချိရေးအသံချဲ့စက်များကို ဖြုတ်သိမ်းနေပြီ ဟုဆို

မြောက်ကိုရီးယားသည် တောင်ကိုရီး ယားနိုင်ငံနှင့်နယ်စပ်ရှိ ဝါဒဖြန့်ချိရေးအသံချဲ့စက်များကို ဖြုတ်သိမ်းနေပြီ ဖြစ်ကြောင်း တောင်ကိုရီးယားစစ်ဘက်က ဩဂုတ်လ ၉ ရက်တွင်ထုတ်ပြန်သည်။

တောင်ကိုရီးယားစစ်ဘက်ကဝါဒဖြန့်ချိရေးအသံချဲ့စက်များကို ဖြုတ်သိမ်းပြီးနောက်ရက်ပိုင်းအကြာတွင် မြောက်ကိုရီး ယားဘက်ကလည်း အလားတူဖြုတ်သိမ်း လာခြင်းဖြစ်သည်။

လွန်ခဲ့သောလများတွင် မြောက်ကိုရီးယားနှင့် တောင်ကိုရီးယားတို့ကြား အသံချဲ့စက်များဖြင့် ဝါဒဖြန့်ချိရေး လုပ်ငန်းများကို လုပ်ဆောင်ခဲ့သည့်အတွက် တင်းမာမှုများ မြင့်တက်လာခြင်းဖြစ်သည်။

သို့သော် ဇွန်လတွင်တောင်ကိုရီးယား နိုင်ငံ၌    လီဂျေးမြောင်ကသမ္မတအဖြစ် တာဝန်ယူပြီးနောက် ကိုရီးယားနှစ်နိုင်ငံကြား တင်းမာမှုများ လျှော့ချနိုင်ရေး ကြိုးပမ်း သည့်အနေဖြင့် ထိုကဲ့သို့ဝါဒဖြန့်ချိမှုများ ကိုရပ်တန့်ခဲ့သည်။   ထို့နောက်   မြောက်ကိုရီးယားကလည်း အလားတူထုတ်လွှင့်မှုကို ရပ်တန့်ခဲ့ခြင်း ဖြစ်သည်။ ယင်းနောက်နှစ်နိုင်ငံစလုံးက ဝါဒဖြန့်ချိရေးအသံချဲ့စက် များကို  ဖြုတ်သိမ်းလာခြင်းဖြစ်ပြီး  ယခု အခြေအနေက     နှစ်နိုင်ငံဆက်ဆံရေး တိုးတက်လာမှုကို  ဖော်ညွှန်းနေကြောင်း သိရသည်။                            

Ref: SCMP