ထရမ့်နှင့် ပူတင်တို့ ရင်းနှီးခင်မင်စွာ ဖုန်းဆက်သွယ်ပြောကြားခဲ့ကြကြောင်း The Wall Street ဂျာနယ် ပြောကြား
ရုရှားသမ္မတဗလာဒီမာပူတင်နှင့် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် ရင်းနှီးခင်မင်စွာဖြင့် ဖုန်းများ ခေါ်ဆို၍ အပြန်အလှန် ဆွေးနွေးခဲ့ ကြကြောင်း The Wall Street ဂျာနယ်က အရင်းအမြစ်များကို ကိုးကား၍ ဖော်ပြထားပါသည်။
အဆိုပါအရင်းအမြစ်များအရ ထရမ့်သည် စီးပွားရေး ပူးပေါင်း ဆောင်ရွက်ခြင်း ပိုမိုအားကောင်းလာစေရန် ပူးပေါင်းခြင်းဖြင့် အမေရိကန်-ရုရှား ဆက်ဆံရေး ကို ပြန်လည် တည့်မတ်ရန် ၎င်း၏ ရည်မှန်းချက်များကို မကြာခဏ ထည့်သွင်းပြောကြားလေ့ရှိပါသည်။ ထို့ပြင် ခေါင်းဆောင်နှစ်ဦးသည် ကြားလူများမှတစ်ဆင့် အပြန်အလှန် ဆက်သွယ်ခဲ့ကြကြောင်း သတင်း တွင် ဖော်ပြထားပါသည်။
၂၀၂၅ ခုနှစ်အစောပိုင်း ဒေါ်နယ်ထရမ့် သမ္မတရာထူး ဆက်ခံ ပြီးနောက် ကတည်းက ၎င်းက ဗလာဒီမာပူတင်နှင့် တစ်နေ့တွင် တွေ့ဆုံရန် ဆန္ဒရှိ နေကြောင်း ထုတ်ဖော်ပြောကြားခဲ့ဖူးပါသည်။ ယခု ၂၀၂၅ ခုနှစ် နှစ်စပိုင်း မှစ၍ ၎င်းတို့သည် ဖုန်း ၆ ကြိမ်တိုင်တိုင် ခေါ်ဆို စကားပြောကြားခဲ့ ကြပြီးဖြစ်ပါသည်။ အမေရိကန်ခေါင်းဆောင်နှင့် ရုရှားခေါင်းဆောင်တို့သည် လာမည့်ရက်အနည်းငယ်အတွင်းတွင် တွေ့ဆုံရန် သဘောတူညီချက် ရရှိထားပြီးဖြစ်ကြောင်း သမ္မတ၏ အနီးကပ်အကြံပေးဖြစ်သူ Yury Ushakov က ဩဂုတ်လ ၇ ရက်တွင် အတည်ပြုပြောကြားထားပါသည်။
ကိုးကား- TASS
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၃