ပူတင်နှင့် ထရမ့် ဩဂုတ် ၁၅ တွင် အလက်စကာ၌ တွေ့ဆုံမည်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရုရှားသမ္မတဗလာဒီမာပူတင်နှင့် သြဂုတ် ၁၅ ရက်နေ့၌ အလက်စကာတွင် တွေ့ဆုံမည်ဟု ၎င်း၏ Truth Social တွင် ကြေညာလိုက်ပါသည်။
ယင်းနောက်ပိုင်းတွင် ကရင်မလင် အကြံပေးအရာရှိ Yury Ushakov ကလည်း လာမည့်သောကြာနေ့ (ဩဂုတ် ၁၅) တွင် အလက်စကာ၌ ခေါင်းဆောင်နှစ်ဦး တွေ့ဆုံရန် စီစဉ်ထားကြောင်း အတည်ပြု ပြောကြား ခဲ့ပါသည်။
ယူကရိန်းပဋိပက္ခကို ဆက်လက်ဖြစ်ပွားစေလိုသော နိုင်ငံအချို့သည် ရုရှား သမ္မတ ဗလာဒီမာပူတင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့၏လာမည့်တွေ့ဆုံမှုကို နှောင့်ယှက်ရန် ကြိုးပမ်းလိမ့်မည်ဟု ရုရှား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေ (RDIF) ၏ အမှုဆောင်အရာရှိချုပ် နှင့် အခြားနိုင်ငံ များနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သမ္မတ၏ အထူးကိုယ်စားလှယ် Kirill Dmitriev က ပြောကြားထားပါသည်။
"ပဋိပက္ခကို ဆက်လက်ဖြစ်ပွားစေလိုသည့် နိုင်ငံအချို့က သမ္မတပူတင် နှင့် သမ္မတထရမ့်တို့၏ လာမည့်တွေ့ဆုံမှုကို နှောင့်ယှက်ရန် ကြံစည် အားထုတ်လာပါလိမ့်မည်” ဟု ၎င်းက Telegram တွင် ရေးသားထား ပါသည်။
ကိုးကား- Tass
ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၃