ထရမ့်က အိမ်ဖြူတော်ရှိ အိုဘားမားနှင့် ဘုရှ်တို့၏ ပုံတူများကို နေရာ ရွှေ့ပြောင်း

News Image

  • ထရမ့်က အိမ်ဖြူတော်ရှိ အိုဘားမားနှင့် ဘုရှ်တို့၏ ပုံတူများကို နေရာ ရွှေ့ပြောင်း

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ၎င်း၏ နိုင်ငံရေးပြိုင်ဘက်များ ဖြစ်သော သမ္မတဟောင်း ဘာရက်အိုဘားမားနှင့် ဂျော့ခ်ျ ဒဗလျူ ဘုရှ် တို့ ၏ ပုံတူများကို အိမ်ဖြူတော်၏ ဝင်ပေါက်မှ ဖယ်ရှားကာ လှေကားထစ် အပေါ်ထပ်ရှိ လူသူမသွားသောနေရာသို့ ရွှေ့ပြောင်းခဲ့သည်။ ထိုသို့ပြု လုပ်ခြင်းဖြင့် နေ့စဉ်လာရောက်လည်ပတ်သူများအတွက် ထိုပုံတူများကို မြင်တွေ့နိုင်မည် မဟုတ်တော့ပေ။

ထရမ့်နှင့် အိုဘားမားတို့အကြား နှစ်ပေါင်းများစွာ တင်းမာမှုများ ရှိခဲ့ပြီး ယခုအခါ ထိုတင်းမာမှုများကို ပုံတူများ ရွှေ့ပြောင်းခြင်းဖြင့် ထပ်မံဖော်ပြ နေသည်။ အိုဘားမား၏ ပုံတူကို ယခင်က အိမ်ဖြူတော်၏ ပြသရာနေရာ မှ ဖယ်ရှားပြီး ထရမ့်၏ လုပ်ကြံခံရမှုဖြစ်စဉ်ကို သရုပ်ဖော်ထားသော ပန်းချီကားဖြင့် အစားထိုးခဲ့ဖူးသည်။

သမ္မတဟောင်း ဂျော့ခ်ျ ဒဗလျူ ဘုရှ်နှင့် ၎င်း၏ဖခင် ဂျော့ခ်ျ အိပ်ချ် ဒဗလျူ ဘုရှ်တို့၏ ပုံတူများကိုလည်း အလားတူ ရွှေ့ပြောင်းခဲ့သည်။ ဘုရှ် မိသားစုနှင့် ထရမ့်အကြား ရှည်လျားသော တင်းမာမှုများ ရှိခဲ့ပြီး ဂျော့ခ်ျ ဒဗလျူ ဘုရှ်၏ ဇနီးဖြစ်သူ လော်ရာဘုရှ်သည် ထရမ့်၏ ၂၀၂၅ ခုနှစ်ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်ခဲ့သော်လည်း နောက်ပိုင်း အခမ်းအနား များတွင် ပါဝင်ခဲ့ခြင်း မရှိပေ။

အိမ်ဖြူတော်၏ ဓလေ့ထုံးတမ်းအရ နောက်ဆုံးသမ္မတများ၏ ပုံတူများကို အထင်ရှားဆုံးနေရာတွင် ပြသလေ့ရှိသော်လည်း ထရမ့်၏ အဆိုပါ လုပ်ရပ်သည် ၎င်း၏ နိုင်ငံရေးပြိုင်ဘက်များကို မကျေလည်မှုကို ပြသ သည့် လုပ်ရပ်တစ်ခုဖြစ်နေသည်။

အိုဘားမား၏ရုံးမှ အဆိုပါကိစ္စနှင့်ပတ်သက်၍ မှတ်ချက်တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမပြုခဲ့ဘဲ အိမ်ဖြူတော်နှင့် အိမ်ဖြူတော်သမိုင်းဌာနတို့ထံမှ လည်း အဆိုပါသတင်းနှင့်ပတ်သက်သည့် CNN ၏ မေးမြန်းမှုကို အကြောင်း တစ်စုံတစ်ရာ တုံ့ပြန်ခြင်းမရှိခဲ့ပေ။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂