ရုရှား-အမေရိကန် အကြီးအကဲများ တွေ့ဆုံဆွေးနွေးမှုနှင့် စပ်လျဉ်း၍ သတင်းထောက်‌မေးမြန်းမှုအား တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် ဖြေကြား

News Image

  • ရုရှား-အမေရိကန် အကြီးအကဲများ တွေ့ဆုံဆွေးနွေးမှုနှင့် စပ်လျဉ်း၍ သတင်းထောက်‌မေးမြန်းမှုအား တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် ဖြေကြား

ရုရှား-အမေရိကန် အကြီးအကဲများ တွေ့ဆုံဆွေးနွေးမှုနှင့် စပ်လျဉ်း၍ သတင်းထောက်‌မေးမြန်းမှုအား တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် လျင်ကျန့်က ဩဂုတ် ၁၂ ရက်တွင် ဖြေကြားခဲ့သည်။

အမေရိကန် သမ္မတ ထရမ့်သည် ရုရှား သမ္မတ ပူတင်နှင့် ဩဂုတ် ၁၅ ရက်တွင် တွေ့ဆုံဆွေးနွေးမည်ဖြစ်ပြီး ယူကရိန်း သမ္မတ ဇီလန်စကီးနှင့် ဥရောပသမဂ္ဂ ကိုယ်စားလှယ်များကမူ ပါဝင်ရန် ဖိတ်ကြားခံထားရခြင်း မရှိကြောင်း၊ ယခုအကြိမ်တွေ့ဆုံဆွေးနွေးမှုတွင် ယူကရိန်းအကြောင်းအရာ ကို ဆွေးနွေးမည်ဖြစ်သော်လည်း ယူကရိန်း၊ ဥရောပဘက်မှ ပါဝင်မှု မရှိကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အဆိုပါအခြေအနေအပေါ် မည်ကဲ့သို့ မှတ်ချက်ပြုလိုသနည်း၊ သက်ဆိုင်ရာနိုင်ငံများ သဘောတူညီချက်ရရှိမှုကို ထည့်သွင်းစဉ်းစားခြင်းမပြုပါက အဆိုပါနိုင်ငံများအပေါ် တရားမျှတမှု ရှိပါသလော၊ လက်ခံနိုင်ဖွယ်ရှိပါသလောနှင့် ထိန်းချုပ်နိုင်မှုစွမ်းအား ရှိပါသလောဟု တရုတ်နိုင်ငံက ယူဆပါသလားဟု သတင်းထောက်က မေးမြန်းခဲ့သည်။

လျင်ကျန့်က တရုတ်နိုင်ငံအနေဖြင့် အကျပ်အတည်းအား ငြိမ်းချမ်းစွာ ဖြေရှင်းမှုအတွက် အကျိုးရှိသည့် ကြိုးပမ်းမှု မှန်သမျှအား ထောက်ခံ အားပေးကြောင်း၊ ရုရှား-အမေရိကန် နှစ်ဖက်က ထိတွေ့ဆက်ဆံမှု ထိန်းသိမ်း၍အပြန်အလှန် ဆက်ဆံရေး တိုးတက်လာအောင် လုပ်ဆောင်ကာ ယူကရိန်း အကျပ်အတည်းအား နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းသည့် လုပ်ငန်းစဉ် တွန်းအားပေးခြင်းအား တွေ့မြင်လိုကြောင်း၊ မိမိတို့အနေဖြင့် ကာယကံရှင် ဘက်နှင့် အကျိုးစီးပွားသက်ဆိုင်သူဘက်များက ငြိမ်းချမ်းရေးဆွေးနွေးမှု လုပ်ငန်းစဉ်အတွင်း အလျဉ်းသင့်သလို ပါဝင်လာကာ တရားမျှတသော၊ ရေရှည်ဖြစ်သော၊ ထိန်းချုပ်နိုင်မှုစွမ်းရည်ရှိသောနှင့် သက်ဆိုင်ရာ ပါဝင် ပတ်သက်သူများက လက်ခံနိုင်သော ငြိမ်းချမ်းရေး သဘောတူညီချက် ဆောလျင်စွာ ရရှိရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ 

ကိုးကား- Xinhua