တောင်ကိုရီးယားနိုင်ငံ သမ္မတဟောင်း ယွန်းဆက်ယိုး၏ ဇနီးဖြစ်သူ ဂင်မ်ဂွန်ဟီး (Kim Keon-hee) ဖမ်းဆီးခံရ
တောင်ကိုရီးယားနိုင်ငံ ဆိုးလ်ဗဟိုခရိုင်တရားရုံးက ဩဂုတ် ၁၂ ရက် ညသန်းခေါင်တွင် သမ္မတဟောင်း ယွန်းဆက်ယိုး၏ ဇနီးဖြစ်သူ ဂင်မ်ဂွန်ဟီး အား ဖမ်းဝရမ်းထုတ်ခဲ့ကြောင်း သိရသည်။
ဆိုးလ်ဗဟိုခရိုင်တရားရုံးက ဩဂုတ် ၁၂ ရက် နေ့လယ်ပိုင်းတွင် ဂင်မ်ဂွန်ဟီး (Kim Keon-hee) အား ဖမ်းဆီးမှုမတိုင်မီ ၄ နာရီခန့်ကြာ စစ်ဆေး မေးမြန်းမှု များ ပြုလုပ်ကြောင်း၊ ယင်းမှာ ဖမ်းဆီးမှုဆိုင်ရာ လိုအပ်သည့် စိစစ်မှု ဖြစ်ရာ အဆိုပါနေ့ ညသန်းခေါင်တွင် ဖမ်းဝရမ်းထုတ်ခဲ့ကြောင်း၊ အကြောင်း ရင်းမှာ “သံသယရှိသူက သက်သေအထောက်အထားများအား ဖျက်ဆီး ပစ်မည်ကို စိုးရိမ်ရသည့်အတွက်” ဖြစ်ကြောင်း၊ စစ်ဆေးမေးမြန်းမှု ပြီးနောက် ဂင်မ်ဂွန်ဟီးအား ဆိုးလ်တောင်ပိုင်း အချုပ်စခန်းသို့ ပို့ဆောင် ခဲ့ပြီး တရားရုံးမှ ဖမ်းဝရမ်းအတည်ပြုပြီးနောက် ထိုနေရာတွင်ပင် ဖမ်းဆီး ခဲ့ကြောင်း Yonhap သတင်းဌာန၏ ဖော်ပြချက်အရ သိရှိရသည်။
ကိုးကား- Xinhua