ဂျပန်လက်အောက်မှ မြောက်ကိုရီးယား လွတ်မြောက်ခြင်း နှစ် (၈၀) ပြည့် အခါသမယ ပူတင်က ကင်ဂျုံအန်းအား ဂုဏ်ပြုစကားပြောကြား

News Image

  • ဂျပန်လက်အောက်မှ မြောက်ကိုရီးယား လွတ်မြောက်ခြင်း နှစ် (၈၀) ပြည့် အခါသမယ ပူတင်က ကင်ဂျုံအန်းအား ဂုဏ်ပြုစကားပြောကြား

ဂျပန်ကိုလိုနီအုပ်ချုပ်မှုအောက်မှ မြောက်ကိုရီးယားနိုင်ငံ လွတ်မြောက်ခြင်း နှစ် (၈၀) ပြည့်အခါသမယတွင် ရုရှားသမ္မတ ဗလာဒီမာပူတင်က မြောက် ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းအား ဖုန်းမှတစ်ဆင့် ဂုဏ်ပြုစကား ပြောကြားလိုက်ကြောင်း ကရင်မလင်က ထုတ်ပြန်ထားပါသည်။ 

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းကလည်း ကိုရီးယား လွတ်မြောက်ရေးတွင် ဆိုဗီယက်တပ်မတော်၏ ပါဝင်မှု အခန်းကဏ္ဍကို မြောက်ကိုရီးယားနိုင်ငံက အမှတ်ရနေကြောင်း အတည်ပြုပြောကြား ခဲ့ပါသည်။

၁၉၄၅ ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့တွင် ဆိုဗီယက်တပ်များသည် ကိုရီးယားကျွန်းဆွယ်၏ မြောက်ပိုင်းကို သိမ်းပိုက်ခဲ့ပါသည်။ တိုကျိုမှ တရားဝင်လက်နက်ချကြေညာခြင်းမှာ ကိုရီးယားနိုင်ငံအား ဂျပန်တို့ အုပ်ချုပ်မှု (၃၅) နှစ်ကြာ ချုပ်ကိုင်ထားမှုကို အဆုံးသတ်စေခဲ့ပါသည်။သို့ဖြစ်ရာ နှစ်စဉ် ဩဂုတ်လ ၁၅ ရက်ကို မြောက်ကိုရီးယားနိုင်ငံရောတောင်ကိုရီးယားနိုင်ငံပါ အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်၍ အမျိုးသားနေ့ အဖြစ် ကျင်းပလေ့ရှိပါသည်။

ကိုးကား- ကရင်မလင်

ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၃