Skip to main content
  • ပင်မစာမျက်နှာ
  • ကျွန်ုပ်တို့အကြောင်း
  • သတင်းများ
    • လုံခြုံရေးကဏ္ဍ
    • နိုင်ငံရေးကဏ္ဍ
    • စီးပွားရေးကဏ္ဍ
    • လူမှုရေးကဏ္ဍ
    • တိုင်းရင်းသားရေးရာကဏ္ဍ
    • နည်းပညာကဏ္ဍ
    • အထွေထွေ

    လုံခြုံရေးကဏ္ဍသတင်းများ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း

    နိုင်ငံရေးကဏ္ဍသတင်းများ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း

    စီးပွားရေးကဏ္ဍသတင်းများ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း

    လူမှုရေးကဏ္ဍသတင်းများ

    • ပညာရေး
    • ကျန်းမာရေး
    • ယဉ်ကျေးမှု
    • အားကစား
    • လူငယ်‌ရေးရာ
    • ဘာသာ‌ရေး

    တိုင်းရင်းသားရေးရာကဏ္ဍသတင်းများ

    • ယဉ်ကျေးမှု
    • ဘာသာ‌ရေး
    • အထင်ကရနေရာများ

    နည်းပညာကဏ္ဍ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း

    အထွေထွေသတင်းများ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း
  • ကဏ္ဍများ
    • လုံခြုံရေးကဏ္ဍ
    • နိုင်ငံရေးကဏ္ဍ
    • စီးပွားရေးကဏ္ဍ
    • လူမှုရေးကဏ္ဍ
    • တိုင်းရင်းသားရေးရာကဏ္ဍ
    • နည်းပညာကဏ္ဍ
    • အထွေထွေ

    လုံခြုံရေးကဏ္ဍ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း

    နိုင်ငံရေးကဏ္ဍ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း

    စီးပွားရေးကဏ္ဍ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း

    လူမှုရေးကဏ္ဍ

    • ပညာရေး
    • ကျန်းမာရေး
    • ယဉ်ကျေးမှု
    • အားကစား
    • လူငယ်‌ရေးရာ
    • ဘာသာ‌ရေး

    တိုင်းရင်းသားရေးရာကဏ္ဍ

    • ယဉ်ကျေးမှု
    • ဘာသာ‌ရေး
    • အထင်ကရနေရာများ

    နည်းပညာကဏ္ဍ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း

    အထွေထွေ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း
  • ဆောင်းပါးများ
    • လုံခြုံရေးကဏ္ဍ
    • နိုင်ငံရေးကဏ္ဍ
    • စီးပွားရေးကဏ္ဍ
    • လူမှုရေးကဏ္ဍ
    • တိုင်းရင်းသားရေးရာကဏ္ဍ
    • နည်းပညာကဏ္ဍ
    • အထွေထွေ

    လုံခြုံရေးကဏ္ဍအကြောင်းဆောင်းပါးများ

    • ပြည်တွင်း
    • နိုင်ငံတကာ

    နိုင်ငံရေးကဏ္ဍအကြောင်းဆောင်းပါးများ

    • ပြည်တွင်း
    • နိုင်ငံတကာ

    စီးပွားရေးကဏ္ဍအကြောင်းဆောင်းပါးများ

    • ပြည်တွင်း
    • နိုင်ငံတကာ

    လူမှုရေးကဏ္ဍအကြောင်းဆောင်းပါးများ

    • ပညာရေး
    • ကျန်းမာရေး
    • ယဉ်ကျေးမှု
    • အားကစား
    • လူငယ်‌ရေးရာ
    • ဘာသာ‌ရေး

    တိုင်းရင်းသားရေးရာကဏ္ဍအကြောင်းဆောင်းပါးများ

    • ယဉ်ကျေးမှု
    • ဘာသာ‌ရေး
    • အထင်ကရနေရာများ

    နည်းပညာကဏ္ဍ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း

    အထွေထွေအကြောင်းဆောင်းပါးများ

    • ပြည်တွင်း
    • နိုင်ငံတကာ
  • ဆွေးနွေးချက်များ
    • လုံခြုံရေးကဏ္ဍ
    • နိုင်ငံရေးကဏ္ဍ
    • စီးပွားရေးကဏ္ဍ
    • လူမှုရေးကဏ္ဍ
    • တိုင်းရင်းသားရေးရာကဏ္ဍ
    • နည်းပညာကဏ္ဍ
    • အထွေထွေ

    လုံခြုံရေးကဏ္ဍအကြောင်းဆွေးနွေးခြင်း

    • ပြည်တွင်း
    • နိုင်ငံတကာ

    နိုင်ငံရေးကဏ္ဍအကြောင်းဆွေးနွေးခြင်း

    • ပြည်တွင်း
    • နိုင်ငံတကာ

    စီးပွားရေးကဏ္ဍအကြောင်းဆွေးနွေးခြင်း

    • ပြည်တွင်း
    • နိုင်ငံတကာ

    လူမှုရေးကဏ္ဍအကြောင်းဆွေးနွေးခြင်း

    • ပညာရေး
    • ကျန်းမာရေး
    • ယဉ်ကျေးမှု
    • အားကစား
    • လူငယ်‌ရေးရာ
    • ဘာသာ‌ရေး

    တိုင်းရင်းသားရေးရာကဏ္ဍ

    • ယဉ်ကျေးမှု
    • ဘာသာရေး
    • အထင်ကရနေရာများ

    နည်းပညာကဏ္ဍ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း

    အထွေထွေအကြောင်းဆွေးနွေးခြင်း

    • ပြည်တွင်း
    • နိုင်ငံတကာ
  • အမေးအဖြေကဏ္ဍ
    • လုံခြုံရေးကဏ္ဍ
    • နိုင်ငံရေးကဏ္ဍ
    • စီးပွားရေးကဏ္ဍ
    • လူမှုရေးကဏ္ဍ
    • တိုင်းရင်းသားရေးရာကဏ္ဍ
    • နည်းပညာကဏ္ဍ
    • အထွေထွေ

    လုံခြုံရေးကဏ္ဍ

    • ပြည်တွင်း
    • နိုင်ငံတကာ

    နိုင်ငံရေးကဏ္ဍ

    • ပြည်တွင်း
    • နိုင်ငံတကာ

    စီးပွားရေးကဏ္ဍ

    • ပြည်တွင်း
    • နိုင်ငံတကာ

    လူမှုရေးကဏ္ဍ

    • ပညာရေး
    • ကျန်းမာရေး
    • ယဉ်ကျေးမှု
    • အားကစား
    • လူငယ်‌ရေးရာ
    • ဘာသာ‌ရေး

    တိုင်းရင်းသားရေးရာကဏ္ဍ

    • ယဉ်ကျေးမှု
    • ဘာသာ‌ရေး
    • အထင်ကရနေရာများ

    နည်းပညာကဏ္ဍ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း

    အထွေထွေ

    • ပြည်တွင်း
    • နိုင်ငံတကာ
  • ဆက်သွယ်ရန်

en-language-menu

  • English

မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ်-၂၀၂၅

dpWEB1234 ဗုဒ္ဓဟူးနေ့, 08/20/2025 - 11:07

News Image

  • မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ်-၂၀၂၅
MM-News-Category
လူမှုရေးကဏ္ဍသတင်း
လူမှုရေး-လူငယ်‌ရေးရာ

ဆက်စပ်သတင်းများ

ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်ရှိ မဟာမုနိရုပ်ရှင်တော်မြတ်၊ အောင်မြေသာစံမြို့နယ်ရှိ ဘုရားနီနှင့် အရိပ်မထွက်ဘုရား ပြန်လည်ပြုပြင်ထိန်းသိမ်းနေမှု ကြည့်ရှုစစ်ဆေး
ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်ရှိ မဟာမုနိရုပ်ရှင်တော်မြတ်၊ အောင်မြေသာစံမြို့နယ်ရှိ ဘုရားနီနှင့် အရိပ်မထွက်ဘုရား ပြန်လည်ပြုပြင်ထိန်းသိမ်းနေမှု ကြည့်ရှုစစ်ဆေး
မန္တလေး ဩဂုတ် ၂၀သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ချမ်းမြသာစည်မြို့နယ် မဟာမုနိရုပ်ရှင်တော်မြတ်ကြီးသို့ ရောက်ရှိပြီး သောက်တော်ရေချမ်းနှင့်ပန်းများ ဆက်ကပ်၍ မဟာမုနိဘုရားကြီး ဘက်စုံပြုပြင်မွမ်းမံနိုင်ရေးအတွက် ပြည်ထောင်စုဝန်ကြီးနှင့် ခုနစ်ရက်သားသမီးများက လှူဒါန်းထားသော အလှူတော်ငွေနှင့် မဟာမုနိဘုရားကြီး ဌာပနာတော်အတွက် ဓာတ်တော်မွေတော်ကြုပ်များ၊ ဆင်းတုတော်နှင့် ဓမ္မစေတီများကို ဂေါပကအဖွဲ့ထံ လှူဒါန်းသည်။ထို့နောက် မဟာမုနိဘုရားကြီးအား ရွှေသင်္ကန်းများ ကပ်လှူပူဇော်ပြီး မဟာမုနိဘုရားကြီး ပရိဝုဏ်အတွင်းရှိ ငလျင်ဒဏ်သင့် သာသနိကအဆောက်အအုံများ ပြန်လည်ပြုပြင်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုကာ ဘုံ (၇) ဆင့် ပြာသာဒ်တွင် တင်လှူပူဇော်မည့် အမှတ် (၁) ပြတိုက်အတွင်းရှိ စိန်ဖူးတော်၊ ရွှေထီးတော်၊ ငှက်မြတ်နားတော်များ အပူဇော်ခံထားရှိမှုအခြေအနေကို ကြည့်ရှုဖူးမြော်သည်။ယင်းနောက် မဟာမုနိဘုရားကြီး ပရိဝုဏ်အတွင်းရှိ အစည်းအဝေးခန်းမ၌ ဘုရားကြီးပရိဝုဏ်အတွင်းရှိ သာသနိကအဆောက်အအုံများ ပြန်လည်ပြုပြင်တည်ဆောက်ရေးအစည်းအဝေးသို့ တက်ရောက်၍ မဟာမုနိရုပ်ရှင်တော်မြတ်ကြီး ပြုပြင်ထိန်းသိမ်းမှုဆိုင်ရာ ကိစ္စရပ်များကို ဩဝါဒါဆရာတော်များထံမှ ဩဝါဒခံယူ၍ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်တို့မှ အင်ဂျင်နီယာပညာရှင်များ၊ ငလျင်ပညာရှင်များ၊ ဆက်စပ်ဌာနဆိုင်ရာများ၊ ကျွမ်းကျင်သူများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားရန်၊ ဘုရားကြီး၏ သာသနိကအဆောက်အအုံ ကြံ့ခိုင်မှုအပြည့်အဝရရှိအောင် အကောင်းဆုံးအရည်အသွေးရှိသော ဆောက်လုပ်ရေးသုံးပစ္စည်းများကို အသုံးပြုရန်နှင့် နောက်ဆုံးပေါ်နည်းပညာဖြင့် ဆောင်ရွက်သွားရန် မှာကြားသည်။ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အောင်မြေသာစံမြို့နယ်ရှိ ဘုရားနီဘုရားနှင့် အောင်မြေသာစံမြို့နယ်ရှိ အရိပ်မထွက်စေတီတော်ကြီးသို့ သွားရောက်၍ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့မှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ ပြန်လည်ပြုပြင်ရာတွင် ဌာပနာထည့်သွင်းရန်အတွက် ပြည်ထောင်စုဝန်ကြီးနှင့် ခုနစ်ရက်သားသမီးများက လှူဒါန်းထားသော အလှူငွေနှင့် ကြေးဗုဒ္ဓဆင်းတုတော်၊ ဓာတ်တော်စေတီတော်နှင့် ဓမ္မစေတီများကို ဂေါပကအဖွဲ့ထံ လှူဒါန်းခဲ့ကြောင်း သိရသည်။MOI
ကြာသပတေးနေ့, 21-သြဂုတ်လ-2025
ဘယ်လ်ဂျီယံ တော်ဝင်မင်းသမီး ဟားဗတ်တက္ကသိုလ်တွင် ပညာ သင်ကြားရန် ပြန်လာမည်
ဘယ်လ်ဂျီယံ တော်ဝင်မင်းသမီး ဟားဗတ်တက္ကသိုလ်တွင် ပညာ သင်ကြားရန် ပြန်လာမည်
ဘယ်လ်ဂျီယံထီးနန်းဆက်ခံမည့် တော်ဝင်မင်းသမီး Elisabeth သည် ဟားဗတ်တက္ကသိုလ်သို့ ပြန်လည်တက်ရောက် သင်ကြားခွင့် ရရှိမည် ဖြစ်သည်။ ထိုသို့ပြန်လာနိုင်ခြင်းမှာ နိုင်ငံခြားသားကျောင်းသားများအား စာရင်းသွင်းခွင့်ပြုရန် Mr. Trump ၏ တားမြစ်ချက်ကို တရားရုံးမှ ပယ်ချ ခဲ့သောကြောင့် ဖြစ်သည်။ဘယ်လ်ဂျီယံ တော်ဝင်မိသားစု၏ ဆက်သွယ်ရေးဒါရိုက်တာ Xavier Baert က ဩဂုတ်လ ၁၉ ရက်နေ့တွင် "အချိန်အခါအားဖြင့် မင်းသမီး သည် ဟားဗတ်တွင် ပညာဆက်လက်သင်ယူရန် လိုအပ်သော အခြေအနေများ အားလုံးပြည့်စုံနေပြီဟု အတည်ပြုပြောဆိုနိုင်ပါသည်" ဟု ပြောကြား ခဲ့သည်။မေလအတွင်းက ထရမ့်အစိုးရအဖွဲ့မှ ဟားဗတ်တက္ကသိုလ်အား နိုင်ငံခြား သားကျောင်းသားများကို ကျောင်းဝင်ခွင့်နှင့် ပညာသင်ကြားခွင့်များ တားမြစ်ကြောင်း ကြေညာခဲ့စဉ်က ဘယ်လ်ဂျီယံ တော်ဝင်မိသားစုသည် မင်းသမီး Elisabeth အနေဖြင့် ထိုတက္ကသိုလ်တွင် ဆက်လက် ပညာ သင်ယူခွင့် မရတော့မည်ကို စိုးရိမ်ခဲ့ကြသည်။ထရမ့်အစိုးရအဖွဲ့၏ ထုတ်ပြန်ချက်အရ ဟားဗတ်အပါအဝင် အမေရိကန် နိုင်ငံရှိ ထိပ်တန်းတက္ကသိုလ်များကို ပြုပြင်ပြောင်းလဲမှု ဆောင်ရွက်စေရန် ရည်ရွယ်၍ အဆိုပါတားမြစ်ချက်ကို ချမှတ်ခြင်းဖြစ်ကြောင်း၊ ထိုတက္ကသိုလ် များတွင် အစွန်းရောက် လက်ဝဲယိမ်းလှုပ်ရှားမှုများရှိနေပြီး ဂျူးဆန့်ကျင်ရေး ဝါဒီများအဖြစ် စွပ်စွဲခံထားရသည်ဟု ဆိုသည်။ ဟားဗတ်တက္ကသိုလ်က အဆိုပါစွပ်စွဲချက်များကို ငြင်းဆိုထားပြီး ပိတ်ပင်မှုကို တရားရုံးတွင် ရင်ဆိုင် လျက်ရှိသည်။အမေရိကန်ဖက်ဒရယ်တရားသူကြီး Allison Burroughs က ဇွန်လ ၂၀ ရက်နေ့တွင် နိုင်ငံတကာကျောင်းသားများအနေဖြင့် ဟားဗတ်တက္ကသိုလ် တွင် ဆက်လက်ပညာသင်ယူနိုင်ကြောင်း ဆုံးဖြတ်ချက်ချမှတ်ခဲ့သည်။ ထရမ့်အစိုးရအဖွဲ့နှင့် ဆက်တိုက်ဖြစ်ပွားခဲ့သော ပဋိပက္ခများအပြီးတွင် အဆိုပါဆုံးဖြတ်ချက်သည် တက္ကသိုလ်အတွက် အရေးပါသော အောင်ပွဲ တစ်ခုဟု သတ်မှတ်ခံခဲ့ရသည်။ထရမ့်အစိုးရအဖွဲ့က တရားသူကြီး Burroughs ၏ ဆုံးဖြတ်ချက်ကို အယူခံဝင်မည်ဟု ကြေညာထားသော်လည်း အမေရိကန် ပြည်ထောင်စု တွင် ပညာသင်နှစ်သစ်သည် စက်တင်ဘာလ ၂ ရက်နေ့မှ စတင်မည်ဖြစ်သဖြင့် ထရမ့်၏ နိုင်ငံခြားသားကျောင်းသားများအား တားမြစ်ချက်ကို ပယ်ချသော တရားသူကြီး၏ ဆုံးဖြတ်ချက်သည် အာဏာတည်နေဆဲ ဖြစ်ရာ မင်းသမီး Elisabeth ကဲ့သို့သောသူများသည် အမေရိကန် ပြည်ထောင်စု သို့ဝင်ရောက်၍ ပညာဆက်လက်သင်ယူခွင့်ရှိကြောင်း ဆိုသည်။ဘယ်လ်ဂျီယံနိုင်ငံ၏ ဘုရင်မဖြစ်လာမည့် အသက် ၂၃ နှစ်အရွယ် မင်းသမီး Elisabeth သည် ဟားဗတ်တက္ကသိုလ်ရှိ ပြည်သူ့နိုင်ငံရေးမူဝါဒဆိုင်ရာ မဟာဘွဲ့သင်တန်း ဒုတိယနှစ်ကို စတင်တက်ရောက်မည်ဖြစ်သည်။ အဆိုပါသင်တန်းသည် ကျောင်းသားများ၏ ရည်မှန်းချက်ကို ကျယ်ပြန့် စေပြီး ပြည်သူ့ဝန်ဆောင်မှုတွင် အောင်မြင်သော အသက်မွေးဝမ်းကျောင်းမှုအတွက် ကျွမ်းကျင်မှုများ တိုးတက်စေသည်ဟု တက္ကသိုလ်က ဖော်ပြ ထားသည်။ကိုးကား- VN Expressဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
ဗုဒ္ဓဟူးနေ့, 20-သြဂုတ်လ-2025
၂၀၂၅ အာဆီယံ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ မြန်မာအသင်း ဒုတိယဆုဖြင့်ကျေနပ်ခဲ့ရ
၂၀၂၅ အာဆီယံ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ မြန်မာအသင်း ဒုတိယဆုဖြင့်ကျေနပ်ခဲ့ရ
ရန်ကုန် ဩဂုတ် ၁၉ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ၂၀၂၅ အာဆီယံ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ ဗိုလ်လုပွဲကို သြဂုတ် ၁၉ ရက်ကပြုလုပ်ရာ မြန်မာအသင်းက သြစတြေးလျအသင်းကို တစ်ဂိုး - ဂိုးမရှိဖြင့် ရှုံးနိမ့်ပြီး ဒုတိယဆုဖြင့် ကျေနပ်ခဲ့ရသည်။မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း၏ တစ်ကျော့ပြန် ချန်ပီယံအိပ်မက်အတွက် အကောင်းဆုံးကြိုးစားသော်လည်း ပြိုင်ဘက်သြစတြေးလျအသင်းကို အရေးနိမ့်ကာ ချန်ပီယံဆုနှင့် လွဲချော်ခဲ့ရသည်။ မြန်မာအသင်းသည် ၂၀၀၄ နှင့် ၂၀၀၇ ပြိုင်ပွဲတွင် ဗိုလ်စွဲပြီးနောက် ၁၈ နှစ်အကြာတွင် တစ်ကျော့ပြန် ချန်ပီယံဆုမျှော်လင့်ခွင့်ရခဲ့ပြီး အကောင်းဆုံးကြိုးစားသော်လည်း ချန်ပီယံ ဆုနှင့် လွဲချော်ခဲ့ရပြန်သည်။မြန်မာအသင်းသည် ၂၀၀၇ ပြိုင်ပွဲတွင် ချန်ပီယံဆုရရှိပြီးနောက် ဗိုလ်လုပွဲသို့ လေးကြိမ်မြောက် တက်ရောက်ခြင်းဖြစ်ပြီး လေးကြိမ်စလုံး ဒုတိယနေရာဖြင့် ကျေနပ်ခဲ့ရသည်။ မြန်မာအသင်းသည် ၂၀၁၁၊ ၂၀၁၂၊ ၂၀၁၅ နှင့် ၂၀၂၅ ခုနှစ်တို့တွင် ဗိုလ်လုပွဲတက်ရောက်ခဲ့ခြင်းဖြစ်ပြီး လေးကြိမ်စလုံး ချန်ပီယံဆုနှင့် လွဲချော်ခဲ့ရသည်။ ဩစတြေးလျအသင်းသည် ချန်ပီယံဆုကို ဒုတိယအကြိမ်မြောက် ရယူနိုင်ခဲ့ခြင်းဖြစ်ပြီး ၂၀၀၈ ခုနှစ် တွင် ဗိုလ်စွဲပြီးနောက် ၁၇ နှစ် အကြာတွင် တစ်ကျော့ပြန် ဗိုလ်စွဲခြင်းဖြစ်သည်။ဆီမီးဖိုင်နယ်တွင် ဩစတြေး လျအသင်းသည် ယခုပွဲတွင်လည်း ပွဲစကတည်းက တိုက်စစ်အသားပေးပုံစံဖြင့် ပွဲထွက်လာပြီးဂိုးရရန် ကြိုးပမ်းခဲ့သည်။ ဩစတြေးလျ တိုက်စစ်ကို မြန်မာနောက်ခံလူများနှင့် ဂိုးသမား မျိုးမြမြငြိမ်းတို့က တည်တည်ငြိမ်ငြိမ်ဖြင့် ဖြတ်ထုတ်နိုင်ခဲ့သည်။ ပထမပိုင်းတွင် မြန်မာအသင်းက တန်ပြန်တိုက်စစ်ကို အားပြုကစားခဲ့ပြီး ဂိုးရနိုင်သည့် အခွင့်အရေးအချို့ရသော်လည်း အသုံးမချနိုင်ခဲ့ပေ။ ရူပါခိုင်၏ ကန်သွင်းရန် ကြိုးပမ်းမှုကို သြစတြေးလျနောက်ခံလူ ဖြတ်ထုတ်နိုင်ခဲ့သလို ဝင်းသိင်္ဂီထွန်း၏ ကန်သွင်းမှုမှာလည်း ကန်ချက်ပျော့သွားသဖြင့် နစ်နာခဲ့ရသည်။ ဒုတိယပိုင်းတွင် သြစတြေးလျအသင်းက ဂိုးရရှိရေး တိုက်စစ်မြင့်လာချိန်တွင် မြန်မာအသင်းမှာ ကစားအားကျသွားသလို ၁၃ ရက်အတွင်း ငါးပွဲကစား ရသောကြောင့် ပွဲပန်းပြီး ထင်သလောက်မကစားနိုင်ခဲ့ပေ။ ၆၆ မိနစ်တွင် ဩစတြေးလျအသင်း အနိုင်ဂိုးရခဲ့ပြီးဖာဖီက ပိတ်သွင်းယူခဲ့ခြင်းဖြစ်သည်။ဩစတြေးလျအသင်းသည် အုပ်စုအဖွင့်ပွဲတွင် မြန်မာအသင်းကို အရေးနိမ့်ပြီးကတည်းက တစ်ပွဲထက် တစ်ပွဲကစားပုံ ကောင်းလာခြင်းဖြစ်ပြီး အုပ်စုလက်ကျန်ပွဲများတွင် ၂၀၂၂ ပြိုင်ပွဲ ချန်ပီယံဖိလစ်ပိုင်အသင်းနှင့် တီမောအသင်း၊ ဆီမီးဖိုင်နယ်တွင် အိမ်ရှင်ဗီယက်နမ်၊ ဗိုလ်လုပွဲတွင် မြန်မာအသင်းတို့ကို အနိုင်ကစားခဲ့ခြင်းဖြစ်သည်။ ဩစတြေးလျအသင်းသည် ပထမဆုံးဗိုလ်စွဲ သည့်ပြိုင်ပွဲတွင် လက်ရွေးစင်အသင်းဖြင့် ယှဉ်ပြိုင်သော်လည်း နောက်ပိုင်းနှစ်များတွင် လူငယ်လက်ရွေးစင်အသင်းများကိုသာ စေလွှတ်ခဲ့ကာ ယခုနှစ်တွင် ယူ-၂၃ အသင်းဖြင့် ယှဉ်ပြိုင်ခြင်းဖြစ်သည်။ မြန်မာအသင်းသည် ပြိုင်ပွဲ သမိုင်းတစ်လျှောက် ချန်ပီယံဆု နှစ်ကြိမ်၊ ဒုတိယလေးကြိမ်၊ တတိယသုံးကြိမ် ရရှိထားသည်။တတိယနေရာလုပွဲတွင် အိမ်ရှင် ဗီယက်နမ်အသင်းက ထိုင်းအသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိပြီး တတိယဆုရရှိခဲ့သည်။ရဲရင့်လွင်၊ ဓာတ်ပုံ-AFF
ဗုဒ္ဓဟူးနေ့, 20-သြဂုတ်လ-2025
ကျောင်းသား ကျောင်းသူများ လိမ္မာရေးခြားရှိရေး၊ မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ် မြင့်မားတိုးတက်စေရေး ဆရာ ဆရာမများက စံနမူနာပြဆောင်ရွက်
ကျောင်းသား ကျောင်းသူများ လိမ္မာရေးခြားရှိရေး၊ မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ် မြင့်မားတိုးတက်စေရေး ဆရာ ဆရာမများက စံနမူနာပြဆောင်ရွက်
နေပြည်တော် ဩဂုတ် ၁၉ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချောချောစိန်သည် ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ် သဲကောကြီး အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာပညာသင်ယူနေမှုကို ကြည့်ရှုအားပေးစကားပြောကြားသည်။ထို့နောက် ကျောင်းအုပ်ကြီး၊ ဆရာဆရာမများနှင့်တွေ့ဆုံ၍ ကျောင်းသားကျောင်းသူများ လိမ္မာရေးခြားရှိရေး၊ မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ် မြင့်မားတိုးတက်စေရေးဆောင်ရွက်ရာတွင် ဆရာ ဆရာမများက စံနမူနာပြဆောင်ရွက်ကြရန်၊ ထိရောက်သည့် သင်ကြားသင်ယူမှုများ ဆောင်ရွက်နိုင်ရေး၊ သင်ထောက်ကူပစ္စည်းများအသုံးပြုရေးနှင့် လိုအပ်ချက်များရှိပါက ဖြည့်ဆည်းဆောင်ရွက်ပေးကြရန်၊ ဆရာဆရာမများအနေဖြင့် ကျောင်းသား ကျောင်းသူများ အမှန်တကယ်တတ်မြောက်အောင် သင်ကြားပေးကြရန်နှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများ ပျိုးထောင်ပေးကြစေလိုကြောင်း ပြောကြားသည်။ယင်းနောက် အင်းသာအခြေခံပညာအထက်တန်း ကျောင်း(ခွဲ)၌ ကျောင်းသား ကျောင်းသူများ ပညာသင်ယူနေမှုကို ကြည့်ရှုအားပေးစကား‌ပြောကြားပြီး ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများနှင့်တွေ့ဆုံ၍ ကျောင်းသန့်ရှင်းသာယာလှပရေး၊ သင်ကြားရေး၊ စီမံခန့်ခွဲရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးပြောကြားပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဗုဒ္ဓဟူးနေ့, 20-သြဂုတ်လ-2025
မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ်-၂၀၂၅
မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ်-၂၀၂၅
ဗုဒ္ဓဟူးနေ့, 20-သြဂုတ်လ-2025
ချောက်မြို့နယ်နှင့် ရေနံချောင်းမြို့နယ်အတွင်း ပညာရည်မြင့်မားရေး ဒေသခံများဝိုင်းဝန်း ဆောင်ရွက်ပေးကြရန်နှင့် ပညာတတ်များပေါများမှသာ ဒေသတွင်းတည်ငြိမ်အေးချမ်းမှုကို အထောက်အကူပြုနိုင်မည်
ချောက်မြို့နယ်နှင့် ရေနံချောင်းမြို့နယ်အတွင်း ပညာရည်မြင့်မားရေး ဒေသခံများဝိုင်းဝန်း ဆောင်ရွက်ပေးကြရန်နှင့် ပညာတတ်များပေါများမှသာ ဒေသတွင်းတည်ငြိမ်အေးချမ်းမှုကို အထောက်အကူပြုနိုင်မည်
နေပြည်တော် ဩဂုတ် ၁၉နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ဇနီးဒေါ်ကြူကြူလှနှင့် ကော်မရှင်အတွင်းရေးမှူး၊ တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ချောက်မြို့နှင့် ရေနံချောင်းမြို့တို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများအား သီးခြားစီတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ဆွေးနွေးပြောကြားသည်။ဦးစွာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ဇနီးတို့သည် ချောက်မြို့ အမှတ်(၅)ရပ်ကွက်ရှိ စွယ်တော်မြတ်စေတီတော် တည်ထားကိုးကွယ်မည့် မြေနေရာသို့ ရောက်ရှိကြရာ ချောက်ခရိုင်အုပ်ချုပ်ရေးမှူးက နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ၏ လမ်းညွှန်မှာကြားချက်နှင့်အညီ စွယ်တော်မြတ်စေတီတော် တည်ထားကိုးကွယ်နိုင်ရေး ဆောင်ရွက်လျက်ရှိမှု၊ မြေပြုပြင်ခြင်းနှင့် မြေသားစစ်ဆေးမှုလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက စွယ်တော်မြတ် စေတီတော်ကြီးအား စေတီတည်ဆောက်ရာတွင် သတ်မှတ်ထားသည့် အချိုးအစား များအတိုင်း စနစ်တကျတည်ဆောက်သွားကြရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။သီးခြားစီတွေ့ဆုံထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌသည် ချောက်မြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများအား ချောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံး၌လည်းကောင်း၊ ရေနံချောင်းမြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြို့မိမြို့ဖများအား ရေနံချောင်းမြို့ စွမ်းအင်ရိပ်သာရှိ ခန်းမ၌လည်းကောင်း သီးခြားစီတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ များအား တွေ့ဆုံဆွေးနွေး ပြောကြားသည်။ရှင်းလင်းတင်ပြထိုသို့ တွေ့ဆုံရာတွင် ဦးစွာချောက်ခရိုင်အုပ်ချုပ်ရေးမှူးက ချောက်ခရိုင်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ စွယ်တော်မြတ် စေတီတည်ဆောက်နိုင်ရေး ဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ချောက်မြို့သို့ ရောက်ရှိစဉ် လမ်းညွှန်မှာကြားချက်များအပေါ် လိုက်နာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှု၊ ချောက်မြို့ရှိ ကားကြီး ကွင်းမြေနေရာနှင့် ခရီးသွားကား ကြီးကွင်းမြေနေရာတို့အား စနစ်တကျဆောင်ရွက်ပြီးစီးမှု၊ စိုက်ပျိုး ရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ကုန်ထုတ်လုပ်ငန်းများ တိုးတက်ရေးဆောင်ရွက်လျက်ရှိမှု၊ ခရိုင်အတွင်း ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍများ မြင့်မားစေရေး ဆောင်ရွက်ပေးလျက်ရှိမှု အခြေအနေများနှင့်ပတ်သက်၍လည်းကောင်း၊ ရေနံချောင်းမြို့နယ် အုပ်ချုပ်ရေးမှူးက မြို့နယ်ဆိုင်ရာ အချက်အလက်များ၊ မြေအသုံးချမှု၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ ကျန်းမာရေးကဏ္ဍ၊ ပညာရေးကဏ္ဍမြှင့်တင် ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိမှု၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ မြေအောက်ရေထိန်းသိမ်းရေးနှင့် မြို့ရေပေးဝေရေးအတွက် ဆောင်ရွက်ပေးထားမှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။ယင်းနောက် ချောက်မြို့ရှိ မြို့မိမြို့ဖများက ချောက်မြို့ရှိ ပြည်သူ့ဆေးရုံအား အဆင့်မြှင့်တင်ပေးစေလိုမှုနှင့် ကျန်းမာ ရေးဝန်ထမ်းများ ဖြည့်ဆည်းပေး စေလိုမှု၊ မိုးလုံလေလုံ အားကစားခန်းမလိုအပ်လျက်ရှိမှု၊ ပူပြင်းခြောက်သွေ့သည့် ချောက်မြို့တွင် ပူပြင်းသည့်ကာလ၌ အပူရှောင်နိုင်သည့် စွယ်တော်မြတ်စေတီတည် ထားကိုးကွယ်ရန် စီစဉ်ဆောင်ရွက်‌ပေးမှုအပေါ် ချောက်မြို့သူမြို့သားများအနေဖြင့် ကျေးဇူးတင်လျက်ရှိမှု၊ ရေနံမြေဧရိယာအတွင်း ဆောက်လုပ်ထားသည့် နေအိမ်များနှင့် ပတ်သက်၍လည်းကောင်း၊ ရေနံချောင်းမြို့ရှိ ရပ်မိရပ်ဖများက ရေနံချောင်း တက္ကသိုလ်၌ ဘွဲ့နှင်းသဘင်ခန်းမ လိုအပ်လျက်ရှိမှု၊ ရေနံချောင်း စက်မှုဇုန် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လိုအပ်ချက်များ၊ ကုန်သွယ် မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဆိပ်ခံတစ်ခုတည်ဆောက်ပေးစေလိုမှုနှင့်မြစ်ကြောင်း ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးစေလိုမှု အခြေအနေများကို လည်းကောင်း ရှင်းလင်းတင်ပြသည်။ဖြည့်စွက်ဆွေးနွေးရှင်းလင်းတင်ပြမှုများနှင့် စပ်လျဉ်း၍ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ရေနံမြေဧရိယာအတွင်းရှိ နေအိမ်များနှင့် ပတ်သက်၍ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ နေထိုင် ခွင့်ရရှိရန် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ယာမြေများအား မြစ်ရေတင် စီမံကိန်းများဖြင့် စိုက်ပျိုးရေ လုံလောက်စွာရရှိရေး ဆောင်ရွက်မည်ဆိုပါက အထွက်နှုန်းများ တိုးတက်လာမည်ဖြစ်ကြောင်း၊ ရေနံချောင်းဒေသအတွင်း ဖြတ်သန်းစီးဆင်းလျက်ရှိသည့် ဧရာဝတီမြစ်ကြောင်းအား ရေလမ်းကြောင်းပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်ပေးနိုင်ရန်အတွက် သုတေသနပြု ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ဖြည့်စွက်ဆွေးနွေး ပြောကြားသည်။ဆက်လက်၍ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်က ချောက်မြို့နယ်နှင့် ရေနံချောင်းမြို့နယ်အတွင်း ယခုနှစ်မိုးရာသီတွင် မိုးကောင်းစွာရွာသွန်းမှုကြောင့် သီးနှံများစိုက်ပျိုးမှုကို ပိုမိုဖြစ်ထွန်းစေမှု၊ မြစ်ရေတင်လုပ်ငန်း များဖြင့်လည်း စိုက်ပျိုးရေလုံလောက်စွာရရှိရေး ဆောင်ရွက်လျက်ရှိမှု၊ တစ်ဧက ပန်းတိုင်အထွက်နှုန်းများ တိုးတက်ရေးဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြသည်။ယင်းနောက် ပြည်ထောင်စု ဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြသည်။စီမံဆောင်ရွက်ပေးခဲ့ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ပြီးခဲ့သည့် ကာလရောက်ရှိချိန်၌ ချောက်မြို့နယ်အတွင်း အပူဒဏ်ခံစားရမှုကို လျှော့ချနိုင်ရေးအတွက် စီမံ ဆောင်ရွက်ပေးခဲ့ကြောင်း၊ ယနေ့လာရောက်ခဲ့ခြင်းမှာ ဒေသဖွံ့ဖြိုး တိုးတက်ရေးနှင့် သာယာအေးချမ်း ရေးအတွက် လာရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ မိမိအနေဖြင့် “နိုင်ငံတော် ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအားပေးစို့”၊ “နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကိုအားပေးစို့”၊ “နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစို့” ဆိုသည့် ဆောင်ပုဒ်များကို ချမှတ်ထားကြောင်း။နောက်ဆုံးအချက်ဖြစ်သည့် “နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစို့” ဆိုသည့် ဆောင်ပုဒ်အတိုင်း ချောက်ဒေသနှင့် ရေနံချောင်းဒေသအတွင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ဆောင်ရွက်နိုင်ရန်အတွက် ဒေသတွင်းနေထိုင်သူများကလည်း မဖြစ်မနေပါဝင် ဆောင်ရွက်ကြရန် လိုကြောင်း၊ ကျေးရွာများ၌ တစ်ရွာလျှင် ထင်းစိုက်ခင်းနှစ်ဧကစိုက်ပျိုးရန် သတ်မှတ်ထားပြီး ဆက်လက်တိုးချဲ့စိုက်ပျိုးသွားကြရန် လို ကြောင်း၊ ထိုသို့ဆောင်ရွက်သွား မည်ဆိုပါက ဒေသအတွက် များစွာအကျိုးဖြစ်ထွန်းစေမည် ဖြစ်ကြောင်း၊ မြို့နယ်အလိုက်၊ ရပ်ကွက်၊ ကျေးရွာများအလိုက် အိမ်တစ်အိမ်လျှင် သစ်ပင်တစ်ပင်နှုန်းဖြင့် နှစ်စဉ်စိုက်ပျိုးသွားမည်ဆိုပါက သစ်ပင်များ ထူထပ်များပြားလာပြီး သဘာဝပတ်ဝန်း ကျင်စိမ်းလန်းစိုပြည်မှုကို များစွာအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ ထိုသို့သစ်ပင်များစိုက်ပျိုး မှုကြောင့် အရိပ်အာဝါသများ ရရှိ နိုင်မည်ဖြစ်ပြီး အပူဒဏ်ကို ထိုက်သင့်သလောက် လျှော့ချပေးနိုင်မည်ဖြစ်ကြောင်း၊ မိုးရာသီမကုန်ဆုံးမီကာလအတွင်း ရပ်ကွက်အလိုက်၊ လမ်းအလိုက်သစ်ပင်များကို ရှင်သန်ဖြစ်ထွန်းအောင် စိုက်ပျိုးသွားကြစေလိုကြောင်း။ဆန်ဖူလုံအောင်ဆောင်ရွက်စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သည့် စိုက်ပျိုးရေများ လုံလောက်စွာရရှိရေး နေရောင်ခြည်စွမ်းအင်သုံးမြစ်ရေတင်စီမံကိန်းများဖြင့် ဆောင်ရွက်သွားရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် ဒေသအတွင်း ဆန်ဖူလုံမှုများ ရှိလာမည်ဖြစ်ပြီး အခြားယာမြေများတွင် စိုက်ပျိုးသည့် သီးနှံများကိုလည်း အောင်မြင်ဖြစ်ထွန်းစွာ စိုက်ပျိုးနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့ဒေသအတွင်း ဆန်ဖူလုံမှုရှိအောင် ဆောင်ရွက်ကြရန်လိုကြောင်း။ဒေသတွင်း၌ စိုက်ပျိုးမွေးမြူ ရေး ထုတ်ကုန်များကို ဖူလုံစွာ ထုတ်လုပ်နိုင်ခြင်းဖြင့် ဒေသ စီးပွားရေးကို များစွာတိုးတက်လာ မည်ဖြစ်ကြောင်း၊ မိမိတို့ဒေသတွင်းမှ ထွက်ရှိသည့် ကုန်ပစ္စည်းများအား အခြားဒေသသို့ တင်ပို့ရောင်းချနိုင်ခြင်းဖြင့် ဒေသအတွက် ဝင်ငွေများရရှိစေမည်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုများကို တိုးတက်အောင် ဆောင်ရွက်ခြင်းဖြင့် ပြည်ပပို့ကုန်များရရှိမည်ဖြစ်ပြီး နိုင်ငံအတွက်လည်း အကျိုး များစွာဖြစ်ထွန်းစေမည် ဖြစ်ကြောင်း။ပညာရေးကဏ္ဍနှင့် ပတ်သက်၍ နေ့စဉ်လူမှုဘဝအတွက် အသိပညာ၊ အတတ်ပညာများ ရှိရန်လိုကြောင်း၊ အတန်းပညာများ တတ်မြောက်မှသာ အသိပညာ၊ အတတ်ပညာများ ရရှိမည်ဖြစ်ကြောင်း၊ လေ့လာမှုမှ အသိပညာအတတ်ပညာကို ရရှိနိုင်သော်လည်း အတန်းပညာကို တတ်မြောက်ထားမည်ဆိုပါက ပိုမိုသိရှိနားလည်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပညာရည် မြင့်မားရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ကြရန် လိုသကဲ့သို့ တန်းစဉ်ကူးပြောင်းမှုများလျော့နည်းမှု မရှိစေရေးအတွက်လည်း ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ ချောက်မြို့နယ်နှင့်ရေနံချောင်းမြို့နယ်အတွင်း ပညာရည်မြင့်မားရေး ဒေသခံများအနေဖြင့် ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်လိုကြောင်း၊ ပညာတတ်များပေါများမှသာ ဒေသတွင်းတည်ငြိမ်အေးချမ်းမှုကို အထောက်အကူပြု နိုင်မည်ဖြစ်ကြောင်း။ဒုတိယမိဘများဖြစ်အခြေခံပညာကျောင်းများ၌ “အမျိုးသား စည်းကမ်းအစ စာသင်ကျောင်းက” ဟူသည့်အတိုင်း ကျောင်းတက်ရောက်မှု အပေါ်မူတည်၍ တစ်ဦးချင်း၏ စိတ်ဓာတ်၊ စည်းကမ်းလိုက်နာမှုများမှာ ကွာခြားသွားကြကြောင်း၊ ဆရာဆရာမများသည် ဒုတိယမိဘများဖြစ်ကြကြောင်း၊ ထို့ကြောင့် မိမိတို့သားသမီးများ၏ အနာဂတ်များ ကောင်းမွန်စေရေး ပညာရေးဆုံးခန်းတိုင်သည်အထိ သင်ကြားပေးကြစေလိုကြောင်း၊ ပညာတတ်များ ဖြစ်မှသာ စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန် သည့် လူငယ်များအဖြစ်ရောက်ရှိမည်ဖြစ်ပြီး မိမိတို့ဘဝရပ်တည်ရေးအတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ဒေသတွင်းနေထိုင် ကြသူများအနေဖြင့် အသိစိတ် ရှိရှိဖြင့် ထိန်းသိမ်းဆောင်ရွက်ပေးသွားကြစေလိုကြောင်း။အမှန်တကယ် ဆောင်ရွက်နိုင်သူများရွေးချယ်ယခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် ရွေးကောက်ပွဲပထမအသုတ်ကို ခရိုင်မြို့ကြီးများနှင့် နီးစပ်သည့် မြို့များတွင် စတင်ကျင်းပ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး မှန်မှန်ကန်ကန်ဖြင့် ဝိုင်းဝန်းဆောင်ရွက်ပေးကြ စေလိုကြောင်း၊ ဒီမိုကရေစီတွင် အရေးကြီးဆုံးမှာ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ခြင်းပင် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ ကျင်းပပြုလုပ်ပြီးချိန်တွင် အနိုင်ရရှိသည့် အစိုးရအဖွဲ့အား နိုင်ငံတော်တာဝန်များကို လွှဲပြောင်းပေးသွားမည် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ၌ ဆန္ဒမဲပေးရာတွင်လည်း နိုင်ငံ၏အကျိုး၊ဒေသ၏ အကျိုးအတွက် အမှန်တကယ် ဆောင်ရွက်ပေးနိုင်သူများ ကိုသာ ရွေးချယ်ကြရန်လိုကြောင်း ပြောကြားသည်။တွေ့ဆုံပွဲ အခမ်းအနားများအပြီးတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌသည် အခမ်းအနားတက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။MOI
ဗုဒ္ဓဟူးနေ့, 20-သြဂုတ်လ-2025

Information

  • Today Visitors: 89
  • Unique Visitor: 24457
  • Total Visitor: 187059

Event & Guidlines

Article
Forum & Discussion
Q&A

Contact

Ministry of the President's Office, Naypyidaw
presoffministry@gmail.com
067-3409722

Quick Link

Myanmar National Portal
Ministry of Information
Findings on the investigation of Electoral Frauds and Malpractices in 2020 Multi-party Democracy General Election

လစဉ်မော်ကွန်း

  • သြဂုတ်လ 2025 (789)
  • ဇူလိုင်လ 2025 (1317)
  • ဇွန်လ 2025 (1386)
  • မေလ 2025 (1019)
  • ဧပြီလ 2025 (465)
Suggestion Box
Facebook Instagram Youtube
© Copyright 2024 SAC All Rights Reserved.