ဗန်းမော်နှင့် မံစီတွင် နယ်မြေရှင်းလင်းရေးဆောင်ရွက်
ဗန်းမော်တက္ကသိုလ်အား KIA အကြမ်းဖက် ၂၅၀ ဦးခန့် က ဒီဇင်ဘာ ၂၀ ရက်နေ့တွင် လက်နက်ကြီး/ငယ်များဖြင့် လာရောက်တိုက်ခိုက်သဖြင့် လေကြောင်းပစ်ကူယူကာ ပြန်လည်ရှင်းလင်းဆောင်ရွက်ခဲ့ရကြောင်း သိရသည်။
ဖြစ်စဉ်တွင် တပ်မတော်သား ၂ ဦး ဒဏ်ရာရရှိပြီး KIA အကြမ်းဖက်သမား ၁ လောင်း၊ တရုတ်စက်လတ် ၁ လက်၊ M-22 သေနတ် ၁ လက်၊ ၄၀ မမ ဗုံးသီး ၁၀ လုံး၊ တရုတ်ထုတ် လက်ပစ်ဗုံး ၅ လုံး၊ ကျည်မျိုးစုံ ၆၀၀ တောင့် တို့အား သိမ်းဆည်းရရှိခဲ့ ကြောင်း သိရသည်။
အလားတူ မံစီမြို့နယ်တွင် ဒီဇင်ဘာ ၂၀ ရက် နံနက်ပိုင်း အချိန်တွင်နယ်မြေရှင်းစစ်ကြောင်းနှင့် KIA အကြမ်းဖက် သမား ၁၀၀ ဦးခန့်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
ဖြစ်စဉ်အတွင်း KIA အကြမ်းဖက်သမား ၂ လောင်း၊ M-21 သေနတ် ၁ လက်၊ ဘီဇူကာ ၁ လက်၊ ဘီဇူကာဒုံးသီး ၅ တောင့်၊ လက်ပစ်ဗုံး ၆ လုံး၊ ကျည်အိမ်မျိုးစုံ ၅ ခု တို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
ကိုးကား-Myanmar National Post