ကမ္ဘောဒီးယား တိုးချဲ့ရေတပ်အခြေစိုက်စခန်းတွင် ပထမဆုံး ဆိပ်ကမ်းကပ်မှုပြုလုပ်ရန် ဂျပန်ကို ဖိတ်ကြား

News Image

  • ကမ္ဘောဒီးယား တိုးချဲ့ရေတပ်အခြေစိုက်စခန်းတွင် ပထမဆုံး ဆိပ်ကမ်းကပ်မှုပြုလုပ်ရန် ဂျပန်ကို ဖိတ်ကြား

ကမ္ဘောဒီးယားနိုင်ငံရှိ အဆင့်မြှင့်တင်ထားသည့် ရေတပ် အခြေစိုက်စခန်း၏ဆိပ်ကမ်းကို ဂျပန်ရေကြောင်းကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ (MSDF) က ပထမဆုံး ဆိပ်ကမ်းကပ်မှုပြုလုပ်နိုင်ကြောင်း သိရှိရသည်။

ဖနွမ်းပင်တွင် ဂျပန် နိုင်ငံလုံခြုံရေးအကြီးအကဲ Akiba Takeo နှင့် တွေ့ဆုံပြီးသည့်နောက် ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း Hun Sen က MSDF ကို ဖိတ်ကြား ထားကြောင်း ဒီဇင်ဘာ ၂၀ ရက်နေ့က ပြောကြား ခဲ့သည်။

မစ္စတာ Akiba က မစ္စတာ Hun Sen ၏ သားဖြစ်သူ၊ လက်ရှိခေါင်းဆောင် Hun Manet နှင့်အခြားအဆင့်မြင့် အရာရှိများနှင့်လည်း တွေ့ဆုံခဲ့သည်။

Ream ရေတပ်အခြေစိုက်စခန်းသည် ကမ္ဘောဒီးယား နိုင်ငံ၏ အနောက်တောင်ဘက်တွင်တည်ရှိပြီး တရုတ် အစိုးရ၏ငွေကြေးပံ့ပိုးမှုဖြင့် ဆိပ်ကမ်းကို တိုးချဲ့နေ ကြောင်းသိရှိရပါသည်။

တရုတ်နိုင်ငံမှ အကူအညီရယူရန်အတွက် အပေးအယူ အဖြစ် တရုတ်စစ်တပ်အား ၎င်းဆိပ်ကမ်းကို အသုံးပြု ခွင့်ပေးသည့် သဘောတူညီချက်ကို ကမ္ဘောဒီးယားက တိတ်တဆိတ် လက်မှတ်ရေးထိုးခဲ့ကြောင်း Wall Street Journal က ၂၀၁၉ ခုနှစ်က ဖော်ပြခဲ့သည်။

ဒေသတွင်း၌ တရုတ်အစိုးရ၏ ဩဇာကြီးထွားလာနေ ခြင်းကို စိုးရိမ်ကြောင်း အမေရိကန်အစိုးရက ထုတ်ဖော် ပြောကြားခဲ့သည်။

ကမ္ဘောဒီးယား ခေါင်းဆောင်များသည် သံတမန်ရေးအရ ဟန်ချက်ညီစွာ လုပ်ဆောင်ရန် လိုလားနေကြသည်ဟု လေ့လာအကဲခတ်သူများက ပြောဆိုထားသည်။

၎င်းတို့သည် ဂျပန်ခေါင်းဆောင်များနှင့် ကောင်းမွန်သည့် ဆက်ဆံရေးကိုလည်း ထိန်းသိမ်းထားလိုကြောင်း ဖော်ပြထားသည်။

ဂျပန်နိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံ၏ ဒီမိုကရေစီ စနစ် ဖွံ့ဖြိုးရေးကို စဉ်ဆက်မပြတ် တွန်းအားပေးခဲ့ပြီး နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီပေးခဲ့ကြောင်း ဖော်ပြ ထားရှိသည်။

ကိုးကား-NHK World