ယင်းမာပင်မြို့နယ်တွင် ဖမ်းဆီးရမိ အကြမ်းဖက်သမားများအား စစ်ခုံရုံးမှ ပြစ်ဒဏ်များချမှတ်

News Image

  • ယင်းမာပင်မြို့နယ်တွင် ဖမ်းဆီးရမိ အကြမ်းဖက်သမားများအား စစ်ခုံရုံးမှ ပြစ်ဒဏ်များချမှတ်

ယင်းမာပင်မြို့နယ်တွင် ၂၀-၁၂-၂၀၂၄ ရက်နေ့က တရားခံ ၂ ဦးအား စစ်ခုံရုံးဖြင့် စစ်ဆေးခဲ့ပြီး ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း သိရှိရပါသည်။

ယင်းမာပင်မြို့ (ခ) ရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက် PDF ခေါင်းဆောင် ဝင်းဇော်ထံသို့ ၁ လ လျှင် တစ်ကြိမ် ဆေးထိုးအပ်နှင့် ဆေးစ္စည်းများအား ထောက်ပံ့ပေးခြင်း၊ လုံခြုံရေးအဖွဲ့များမှ ပစ်ခတ်သော လက်နက်ကြီး ပစ်ခတ်မှုအခြေအနေများအား စောင့်ကြည့်ပေးခြင်း၊ အကြမ်းဖက်အဖွဲ့များ အတွက် လူသစ်စုဆောင်းပေးခြင်းများ ပြုလုပ်ခဲ့သည့်တရားခံ ထူးဝေယံလင်း(ခ)ရွှေထူးအား အကြမ်းဖက်မှုတိုက်ဖျက် ရေးဥပဒေ ပုဒ်မ ၅၂ (က)၊ ၅၀(ည)အရ ထောင်ဒဏ် တစ်သက်ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း သိရ သည်။

ယင်းမာပင်မြို့ (ခ)ရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်အဖွဲ့ထဲသို့ဝင်ရောက်၍ အကြမ်းဖက်သင်တန်းတက်ရောက်ခြင်း၊ ၎င်း၏နေအိမ်တွင်လက်လုပ်သေနတ်နှင့် ခဲယမ်းများအားတွေ့ရှိခြင်း တို့ကြောင့် တရားခံ  သိန်းမြင့်ထွန်းအား အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ (က)၊ ၅၀(က)အရ  ထောင်ဒဏ်တစ်သက်ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။

ကိုးကား-Myanmar National Post