နယ်မြေရှင်းလင်းရေး ဆက်လက်ဆောင်ရွက်၊ ဗန်းမော် တွင် KIA အကြမ်းဖက်သမား ၅လောင်း ရရှိ
တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်နှင့် ဒေသခံပြည်သူ များ အတိဒုက္ခရောက်အောင် နည်းမျိုးစုံဖြင့် လုပ်ဆောင် လျက်ရှိသော အကြမ်းဖက်အဖွဲ့များကို ရှင်းလင်း ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၂၃ ရက်နေ့က ကချင် ပြည်နယ်၊ ဗန်းမော်မြို့၊ (၃) မိုင်၊ ရွှေပြည်သာရပ်ကွက် အတွင်း နယ်မြေရှင်းလင်းစဉ် နေရာ ၃ နေရာမှ KIA နှင့် အကြမ်းဖက်အင်အား ၁၀၀ ဦးခန့်က ပစ်ခတ် တိုက်ခိုက် သဖြင့် လေကြောင်းပစ်ကူယူ၍ ပြန်လည်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်များ ထိခိုက်ကျဆုံးသည့်အလောင်းများအား ဆွဲယူကာ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။ ဖြစ်စဉ်တွင် အကြမ်းဖက်များ မဆွဲယူနိုင်ဘဲကျန်ခဲ့သည့် KIA အကြမ်းဖက်သမား ၅ လောင်း၊ ဘီဇူကာ ၂ လက် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အလားတူ နောင်ချိုမြို့နယ်တွင် ဒီဇင်ဘာ ၂၃ ရက်နေ့က တောင်ခမ်းဒေသ၊ ၆ ထပ်ကွေ့အနီး လမ်းလုံခြုံရေး ဆောင်ရွက်နေစဉ် TNLA နှင့် အကြမ်းဖက်ပူးပေါင်း အင်အား ၁၀ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် ပြန်လည် ပစ်ခတ်ခဲ့ရာ ရန်သူသည် အနောက်တောင်ဘက်သို ဆုတ်ခွာသွားခဲ့သည်။ ဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင် များထိခိုက်မှု မရှိဘဲ TNLA အကြမ်းဖက်သမား ၁ လောင်း၊ M-22 သေနတ် ၁ လက်၊ ကျည်အိမ် ၃ ခု/ ကျည် ၁၀၀ တောင့် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အလားတူ ဒီဇင်ဘာလ ၂၃ ရက် ညနေ ၄ နာရီခန့်က စစ်ကိုင်းမြို့နယ်၊ အုန်းတောကျေးရွာ ဝါဝါဝင်း ဆီဆိုင် တွင် နယ်မြေလုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေး အဖွဲ့များသည် ကားလမ်းမပေါ်တွင် မိုင်းထောင်ရန် ပြုလုပ်နေသည့် PDF အကြမ်းဖက်သမားအား ပစ်ခတ် ဖမ်းဆီးခဲ့ရသည်။
PDF အကြမ်းဖက်သမား ၁ လောင်းနှင့်အတူ လက်လုပ် လက်ပစ်ဗုံး ၃ လုံး၊ လက်လုပ်မိုင်း ၃ လုံးတို့အား သိမ်းဆည်း ရရှိခဲ့သည်။
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် ဒီဇင်ဘာ ၂၃ ရက်နေ့က နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် စစ်ကြောင်းနှင့် အကြမ်းဖက် AA ၈၀ ဦးခန့်တို ထိတွေ့မှုဖြစ်ပွားပြီး လေကြောင်းပစ်ကူဖြင့် ပြန်လည်တိုက်ခိုက်ရာ ရန်သူ ဆုတ်ခွာသွားခဲ့သည်။ ဖြစ်စဉ်တွင် AA အကြမ်းဖက် သမား ၁ လောင်း၊ MA-1 သေနတ် ၁ လက်၊ ကျည်အိမ် ၄ ခု၊ ကျည် ၂၀၀ တောင့်၊ လက်ပစ်ဗုံး ၃ လုံး၊ ကျည်ကာ ဦးထုပ် ၁ လုံး သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ကိုးကား-Myanmar National Post