အာကာသစူးစမ်းလေ့လာရေးယာဉ် Parker Solar Probe နေနှင့် အနီးကပ်ဆုံး ရောက်ရှိနိုင်သည့် စံချိန်သစ်တင်နိုင်ဖွယ်ရှိ

News Image

  • အာကာသစူးစမ်းလေ့လာရေးယာဉ် Parker Solar Probe နေနှင့် အနီးကပ်ဆုံး ရောက်ရှိနိုင်သည့် စံချိန်သစ်တင်နိုင်ဖွယ်ရှိ

ဝါရှင်တန်   ဒီဇင်ဘာ ၂၆

နာဆာ(NASA)၏ အာကာသစူးစမ်းလေ့လာရေးယာဉ်တစ်ခုဖြစ်သည့် Parker Solar Probe သည် ဒီဇင်ဘာ ၃၁ ရက်တွင် နေနှင့်အနီးကပ်ဆုံး ချဉ်းကပ်ရောက်ရှိနိုင်သည့် စံချိန်သစ်တင်နိုင်ဖွယ်ရှိကြောင်း သိရသည်။

Parker Solar Probe အာကာသယာဉ်သည် ဒီဇင်ဘာ ၃၁ ရက်တွင် နေ၏ မျက်နှာပြင်မှ မိုင် ၃ ဒသမ ၈ သန်း(ကီလိုမီတာ ၆ ဒသမ ၁ သန်း) အတွင်းဖြတ်သန်းလှည့်ပတ်သွားလာနိုင်မည်ဟု မျှော်လင့်ရပြီး ယခင်လုပ်ဆောင်ခဲ့သည့် မစ်ရှင်များထက် ခုနစ်ဆပိုမိုနီးကပ်ကြောင်း နာဆာကဆိုသည်။

Parker သည် ၂၀၁၈ ခုနှစ်မှစတင်ကာ နေ‌ရောင်ခြည်စွမ်းအင်သုံးပြီး အာကာသအတွင်း စူးစမ်းလေ့လာမှုများကို ဆောင်ရွက်လျက်ရှိသည်။ ၎င်း၏ မစ်ရှင် ၂၁ ခုအတွင် ယခုအကြိမ်သည် နေနှင့် ပိုမိုနီးကပ်မည်ဖြစ်ကြောင်း သိရသည်။

NASA နှင့် Johns Hopkins Applied Physics Laboratory တို့ ပူး‌ပေါင်းလုပ်ဆောင်သည့် အာကာသစူးစမ်းလေ့လာရေးဆိုင်ရာ ယခုမစ်ရှင်သည် လူသားတို့၏ မူလအစနှင့် နေရောင်ခြည်၏ ဆင့်ကဲဖြစ်စဉ်များကို ပိုမိူသိရှိနိုင်ရန်အတွက် တိုင်းတာမှုများနှင့် ရုပ်ပုံများကို စုဆောင်းရန် ရည်ရွယ်သည်။

ထို့ပြင် ကမ္ဘာမြေပေါ်ရှိ သက်ရှိများနှင့် နည်းပညာအပေါ် သက်ရောက်မှုရှိသော အာကာသာပတ်ဝန်းကျင်၏ ပြောင်းလဲမှုများကို ခန့်မှန်းရာတွင်လည်း အရေးပါသော ပံ့ပိုးကူညီမှုများ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

Source: ကြေးမုံသတင်းစာ