ဆဋ္ဌမမျိုးဆက် တိုက်လေယာဉ်များ ထုတ်လုပ်ဖို့ DeepSeek ကို အသုံးပြုထား
အင်ဂျင်နီယာ ပညာဆိုတာ မလွယ်ကူတဲ့ ပညာရပ်တစ်ခုပါ။ ဒီလိုမျိုး မလွယ်ကူတဲ့ ပညာရပ်ကိုပဲ လွယ်ကူအောင်လုပ်ဆောင်ပြီး အဆင့်မြင့်တိုက်လေယာဉ်များ ထုတ်လုပ်ဖို့အထိ လုပ်ဆောင်လာနေတာက တရုတ်အင်ဂျင်နီယာများဖြစ်ပါတယ်။သူတို့က ဆဋ္ဌမမျိုးဆက် တိုက်လေယာဉ်များကို ထည်ဆောက်ဖို့ရာ အတွက် AI နည်းပညာကို သုံးခဲ့တယ်လို့ အတိအလင်း ပြောထားပါတယ်။ အဲဒါကတော့ DeepSeek လို့ခေါ် တဲ့ AI ကိုပါပဲ။
တကယ်တမ်းမှာ တရုတ်ပညာရှင်များက DeepSeek ချည်းသက်သက်ကို အသုံးပြုထားတာ မဟုတ်ပါဘူး။ သူတို့ သိရှိထားတဲ့ အသိပညာနဲ့ AI ကိုပေါင်းစပ်ပြီး အကောင်းဆုံးသော ရလဒ်ရရှိအောင် လုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။ အဓိကကတော့ သုတေသနအတွက်သာ သုံးထားတာပါ။
Source: https://myawady.net.mm/
MM-News-Category