AI နည်းပညာသုံး ဘက်ထရီစွမ်းအင်ချွေတာမှု စနစ် ပါဝင်လာမယ့် Apple ရဲ့ iOS 19
အခုနောက်ပိုင်း Apple ရဲ့ ထုတ်ကုန်တွေကို အသုံးပြုသူတွေအနေနဲ့ ဘက်ထရီ ရာခိုင်နှုန်း ဘယ်လောက်အထိ ကျန်သေးလဲဆိုတာက လူတိုင်းလိုလိုပြောလာနေကြတဲ့ကိစ္စတစ်ခုဖြစ်လာပါတယ်။ အထူးသဖြင့် iPhone ကို အသုံးပြုသူတွေပေါ့။
ပြောရမယ်ဆိုရင် ဘက်ထရီနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်နေရသူများအတွက် သတင်းကောင်းတစ်ခုတော့ ထွက်ပေါ်လို့လာပါပြီ။ ဒီသတင်းကောင်းကတော့ နောက်ထွက်ရှိမယ့် iOS 19 မှာ AI နည်းပညာ အသုံးပြုထားတဲ့ ဘက်ထရီ စွမ်းအင်ချွေတာမှုစနစ် ပါဝင်လာမယ်ဆို တဲ့သတင်းပါပဲ။
ဒီလိုမျိုးသတင်းကောင်းကို ဆောင်ယူလာပေးတာကတော့ မီဒီယာတော်တော်များများဖြစ်ပါတယ်။ အဲဒီစနစ်မှာ ကိုယ့်အနေနဲ့ iPhone ကို ဘယ်လိုမျိုး အသုံးပြုနေတယ်ဆိုတဲ့ အမှန်တကယ်အသုံးပြုမှုပုံစံကို AI ကလေ့လာတွက်ချက်ပါမယ်။ ပြီးရင်ရရှိလာတဲ့ အချက်အလက်တွေကို အခြေခံပြီး AI က ဘက်ထရီစွမ်းအင်သုံးစွဲမှုများတဲ့ အပလီကေးရှင်းတွေကို ခန့်မှန်းကာ ကြိုတင်ချိန်ညှိမှုများ လုပ်ပေးမှာဖြစ်တာကြောင့် ဒီလိုနည်းနဲ့ဘက်ထရီသက်တမ်းကို ပိုမိုရှည်ကြာစေမှာဖြစ်တယ်လို့ဆိုပါတယ်။ ပုံမှန်အားဖြင့်ဆိုရင် စွမ်းအင်ချွေတာမှုအတွက် ကိုယ်တိုင်လုပ်ရမယ့်အစား AI ကိုခိုင်းလိုက်တာပါ။ သူ့ကိုစေခိုင်းလိုက်တာ ဖြစ်တဲ့အတွက် ကိုယ်ဖြစ်စေချင်တာထက်ပိုတဲ့ ရလဒ်မျိုးရရှိအောင် သူကစွမ်းဆောင်ပေးသွားမှာဖြစ်ပါတယ်။ အထူးသဖြင့် နောက်ကွယ်က အပလီကေးရှင်းတွေကို အလုပ်မလုပ်ခိုင်းဘဲ စွမ်းအင်ချွေတာမှာဖြစ်ပါတယ်။
Source: https://myawady.net.mm/