ကွန်ဂိုနိုင်ငံ အရှေ့ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေလွှမ်းမိုးမှုများဖြစ်ပေါ်ခဲ့

News Image

  • ကွန်ဂိုနိုင်ငံ အရှေ့ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေလွှမ်းမိုးမှုများဖြစ်ပေါ်ခဲ့

ကင်ရှာဆာ  မေ ၁၃

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ အရှေ့ပိုင်းတွင် မေလ ဒုတိယပတ်အတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး မေ ၁၂ ရက်တွင် မြစ်ရေလျှံတက်ကာ ရေလွှမ်းမိုးမှုများဖြစ်ပေါ်ခဲ့ကြောင်း နယ်မြေအုပ်ချုပ်ရေးမှ တာဝန်ရှိသူများက ပြောကြားခဲ့သည်ဟု ယနေ့သတင်းများအရ သိရသည်။

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ အရှေ့ပိုင်းရှိ တန်ဂနီကာရေကန်အနီးရှိ ခါဆာဘာကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းပြီးနောက် ခါဆာဘာမြစ်ရေလျှံခဲ့ပြီး ရေလွှမ်းမိုးမှုဖြစ်ပွားခဲ့ကြောင်း၊ ရေလွှမ်းမိုးမှုကြောင့် လူသေဆုံးမှုများလည်းဖြစ်ပေါ်ခဲ့ရာ မြစ်ဝကျွန်းပေါ်နေဒေသခံပြည်သူဦးရေ ၁၀၀ ကျော် သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။

မေ ၁၂ ရက်က ထုတ်ပြန်ခဲ့သည့် နယ်မြေအစီရင်ခံစာအရ အဆိုပါကျေးရွာရှိ နေအိမ်များ ပျက်စီးခဲ့သည့်အပြင် ကျေးရွာတွင်းလမ်းများပါ ပျက်စီးခဲ့သဖြင့် ကျေးရွာသူ၊ ကျေးရွာသားများ၏ သွားလာဆက်သွယ်ရေးအခက်အခဲများ ဖြစ်ပေါ်နေကြောင်း သိရသည်။

ရေကြီးရေလွှမ်းမိုးမှုဖြစ်ပွားရခြင်းသည် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ခါဆာဘာမြစ်ကမ်းပါး ပြိုကျခြင်းကြောင့်ဖြစ်သည်ဟု နယ်မြေအုပ်ချုပ်ရေးမှူး ကားလို့ဂျီက ပြောကြားခဲ့ကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ