အမေရိကန်ပြည်ထာင်စု၏ ဘိုင်ဒင်အစိုးရသည် ယူကရိန်းအတွက် ဒေါ်လာ ၁.၂၅ ဘီလီယံတန်ဖိုးရှိသည့် စစ်ဘက်ဆိုင်ရာထောက်ပံ့ရေး အစီအစဉ်သစ်ကို ခွဲဝေ ပေးမည်

News Image

  • အမေရိကန်ပြည်ထာင်စု၏ ဘိုင်ဒင်အစိုးရသည် ယူကရိန်းအတွက် ဒေါ်လာ ၁.၂၅ ဘီလီယံတန်ဖိုးရှိသည့် စစ်ဘက်ဆိုင်ရာထောက်ပံ့ရေး အစီအစဉ်သစ်ကို ခွဲဝေပေးမည်

အမေရိကန်ပြည်ထာင်စု၏ ဘိုင်ဒင်အစိုးရသည် ယူကရိန်းအတွက် ဒေါ်လာ ၁.၂၅ ဘီလီယံတန်ဖိုးရှိသည့် စစ်ဘက်ဆိုင်ရာ ထောက်ပံ့ရေး အစီအစဉ်သစ်ကို ခွဲဝေ ပေးမည်ဖြစ်ကြောင်း Associated Press က ဖော်ပါ သည်။

သမ္မတဘိုင်ဒင်အစိုးရအဖွဲ့သည် ယူကရိန်းနိုင်ငံအတွက် အဆိုပါ စစ်ဘက်ဆိုင်ရာ ထောက်ပံ့ရေး အစီအစဉ် သစ်ကို လာမည့်သီတင်းပတ်တွင် ကြေညာရန် ရည်ရွယ် ထားကြောင်းသိရှိရပါသည်။

သမ္မတဘိုင်ဒင် အစိုးရသည် ဇန်နဝါရီလတွင် သမ္မတ ဘိုင်ဒင် ရာထူးမှ မထွက်ခွာမီ ယူကရိန်းသို့ ဒေါ်လာ ၁.၂၅ ဘီလီယံ တန်ဖိုးရှိ စစ်ဘက်ဆိုင်ရာ ထောက်ပံ့ရေး အစီအစဉ်သစ် ပေးပို့ရန် စီစဉ်နေကြောင်း AP သတင်း တွင် ဖော်ပြထားပါသည်။

စစ်ဘက်ဆိုင်ရာ ထောက်ပံ့ရေး အစီအစဉ်သစ်တွင် NASAMS နှင့် HAWK လေကြောင်းရန်ကာကွယ်ရေး ခဲယမ်းမီးကျောက်များ၊ Stinger ဒုံးကျည်များ၊ 155mm နှင့် 105mm အမြောက်ကျည်များ ပါဝင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

ဘိုင်ဒင်အစိုးရအဖွဲ့သည် ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် အဆိုပါ စစ်ဘက်ဆိုင်ရာထောက်ပံ့ရေးအစီအစဉ်သစ်ကိုတရားဝင်ကြေညာရန်စီစဉ်ထားပြီး လာမည့်နှစ် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ယူကရိန်းသို့ အကူအညီ များ ပေးပို့ရန်ဖြစ်ကြောင်း တာဝန်ရှိသူများက ရှင်းလင်း ပြောကြားခဲ့သည်။

ကိုးကား - AP News