ဂျပန်လေကြောင်းလိုင်းစနစ် ဆိုက်ဘာတိုက်ခိုက်မှု ခံခဲ့ရပြီး ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိ
ဆိုက်ဘာတိုက်ခိုက်ခံရမှုကြောင့် ချို့ယွင်းသွားသော ဂျပန်လေကြောင်းလိုင်း (JAL) စနစ်သည် ဒီဇင်ဘာလ ၂၆ ရက် ညနေ ၂ နာရီ ၂၀ မိနစ်ဝန်းကျင်တွင် ပုံမှန် အခြေအနေသို့ ပြန်လည်ရောက်ရှိသွားပြီဖြစ်ကြောင်း အဆိုပါ လေကြောင်းလိုင်းက ယင်းနေ့တွင်ပင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ဒီဇင်ဘာ ၂၆ ရက် နံနက်ပိုင်းတွင် ဂျပန်လေကြောင်းလိုင်း ၏ ဆိုက်ဘာစက်ပစ္စည်းများ ဆိုက်ဘာတိုက်ခိုက်မှုခံ ခဲ့ရကာ ခရီးသည်အိတ်များ သယ်ဆောင်ရေး စသည့် စနစ်များချို့ယွင်းခဲ့ရသည်။ ဆိုက်ဘာတိုက်ခိုက်မှုကြောင့် ထိုနေ့တွင် ပြည်တွင်းနှင့် နိုင်ငံတကာလေကြောင်း အနည်းဆုံး ဒါဇင်နှင့်ချီနှောင့်နှေးခဲ့ရကြောင်း ဂျပန် ကျိုဒို သတင်းအေဂျင်စီ၏အဆိုအရသိရသည်။ ဂျပန်လေကြောင်းလိုင်းသည် လက်မှတ်ရောင်းချမှု ယာယီရပ်ဆိုင်းခဲ့ရပြီး ယခုအခါ ပြန်လည်ကောင်းမွန် သွားပြီ ဖြစ်ကြောင်းသိရသည်။ ယခု အကြိမ် ဆိုက်ဘာ တိုက်ခိုက်မှုကြောင့် အသုံးပြုသူများ၏ အချက်အလက်များ ပေါက်ကြားခြင်းမရှိကြောင်း ဂျပန်လေကြောင်းလိုင်းက ပြောကြားခဲ့သည်။
ကိုးကား - Xinhua