တောင်ခမ်းစစ်မျက်နှာဘက်တွင် တပ်မတော်၏ တန်ပြန် တိုက်စစ် အားကောင်းနေ

News Image

  • တောင်ခမ်းစစ်မျက်နှာဘက်တွင် တပ်မတော်၏ တန်ပြန် တိုက်စစ် အားကောင်းနေ

တောင်ခမ်းစစ်မျက်နှာဘက်တွင် တပ်မတော်၏ တန်ပြန် တိုက်စစ်အားကောင်းနေပြီး TNLA ဘက်ကလည်း အင်အားဖြည့်တင်းမှုအချို့ ပြုလုပ်လာကြောင်း အဆိုပါစစ်ရေးအခြေအနေအကြောင်း သိရှိသူ သတင်းရင်းမြစ်တစ်ဦးက NP News သို့ပြောသည်။

တောင်ခမ်းတွင် တပ်မတော်၏ တန်ပြန်ထိုးစစ်သည် ချိန်သားကိုက် လုပ်ဆောင်နိုင်ခဲ့ကြခြင်းဖြစ်ပြီး တစ်လ ကျော်ကြာခဲ့သည်အထိ နှစ်ဘက်ချိန်ခွင်လျှာ မပြောင်းလဲ ခဲ့သော်လည်း တပ်မတော်၏ ဟန်ချက်ညီ တိုက်ခိုက်မှု နှင့်အတူ စစ်ကူများပါ ထည့်သွင်းကာ တန်ပြန် တိုက်စစ် ဆင်ခဲ့ခြင်းဖြစ်သည်။

TNLA ပူးပေါင်း အဖွဲ့အများသည် နှစ်ဖက်ညှပ်လာသော တပ်မတော် ၏ ချိန်သားကိုက် တန်ပြန်ထိုးစစ်ကို ကြုံခဲ့ရပြီး TNLA မှ အလံဖြူထောင်သူများပင် ရှိခဲ့ကြောင်း သိရသည်။

“တပ်မတော်က တန်ပြန်တိုက်စစ်ကို ထဲထဲဝင်ဝင် ထိုးနေတယ်။ စစ်ဦးက ဟိုဘက် ဒီဘက် ချိတ်ဆက်လု နီးပါးပါ။ ရန်သူကလည်း အင်အားဖြည့်တာ တချို့ လုပ်လာတယ်” ဟု ၎င်းက ဆိုသည်။

တောင်ခမ်းကို တိုက်ခိုက်လာသော TNLA အဖွဲ့များ အတွင်း ဓနု PDF များ နှင့် ဗမာ PDF များကို အသုံးချနေကြောင်းလည်း သိရသည်။

“ရွာသားတွေကို ၂ ပတ်သင်တန်းပေးပြီးတော့ ထည့်ရင် လည်းထည့်မှာပေါ့။ တွေ့တဲ့ရွာသားက သူတို့ရွာသားပေါ့။ တွေ့တဲ့ရွာသားက သူတို့လူဆိုပြီး ထည့်ချင်ထည့်မှာ” ဟု အထက်ပါသတင်းရင်းမြစ်က ဆိုသည်။

ကိုးကား-NP News