လာမည့် နှစ် ၃၀ အတွင်း AI က လူသားမျိုးနွယ် ၂၀ % ကို အပျောက်ရှင်းလိမ့်မည်ဟုဆို
AI(ဉာဏ်ရည်တု)နှင့်ပတ်သက်၍ ရှေ့ပြေးပုဂ္ဂိုလ် တစ်ဦး လည်းဖြစ် ၊ ၂၀၂၄ ခုနှစ်၊ ရူပဗေဒဆိုင်ရာ နိုဘယ်လ်ဆုရ ပုဂ္ဂိုလ်လည်းဖြစ်သူ ဂျီရော့ဖရေးဟင်တန်က လာမည့် နှစ် ၃၀ အတွင်းတွင် အေအိုင်က လူသားမျိုးနွယ် ၂၀ % ကို မျိုးသုဉ်းသွားစေမည်ဟု ဆိုလိုက်ပါသည်။ ၎င်း၏ ခန့်မှန်းချက်ကို မနှစ်မှစ၍ဟောကိန်းထုတ်ခဲ့ရာ တစ်နှစ် အတွင်းမှာပင် ၎င်း၏ဟောကိန်းက ၁၀ % တက်လာခဲ့ ပါသည်။
ဒီဇင်ဘာ ၂၆ ရက်နေ့တွင် BBC Radio 4 နှင့် အင်တာဗျူး တွင်ဟင်တန်က အေအိုင်မျိုးဖြုတ်မှုနှင့် ပတ်သက်၍ ယခုတွင် ၁၀% မဟုတ်ပဲ ၂၀ % သေချာသွားပြီဟု ဆို ပါသည်။ အင်တာဗျူးအစီအစဉ်သို့ တက်ရောက်လာသည့် ကွန်ပြူတာပညာရှင် ယခင် ဂူဂဲလ် နည်းပညာအတိုင်ပင်ခံဆာဂျစ်ဂျာဗစ်ကလည်း ဟင်တန်ပြောကြားချက်များသည် အမှန်တကယ် ဖြစ်လာနိုင်ကြောင်း ပြောကြား ခဲ့သည်။
AI ၏ ပံ့ပိုးကူညီမှုများကြောင့် ယခုနှစ် ရူပဗေဒဆိုင်ရာ နိုဘယ်ဆုရရှိခဲ့သော ဗြိတိန်-ကနေဒါ သိပ္ပံပညာရှင် ဟင်တန်က အဆင့်မြင့် AI စနစ်များကို ထိန်းချုပ်ရန် စိန်ခေါ်မှုများအား မီးမောင်းထိုးပြခဲ့ပါသည်။
AI၏ တိုးတက်မှုသည် မျှော်လင့်ထားသည်ထက် များစွာ လျင်မြန်နေကြောင်း ဟင်တန်က မှတ်ချက်ပြုခဲ့ပြီး ဘေးကင်းစေရန်အတွက် စည်းမျဉ်းများ တောင်းဆိုခဲ့ ပါသည်။ ကော်ပိုရေးရှင်းများအနေဖြင့် အမြတ်အစွန်း များများရရှိရေးကို ဦးမတည်ကြရန်လည်း ပြောဆိုခဲ့သည်။
ဟင်တန်က AI စနစ်များသည် နောက်ဆုံးတွင် လူသား တို့၏ ဉာဏ်ရည်ကို ကျော်လွန်သွားပြီး လူသားတို့၏ ထိန်းချုပ်မှုမှ လွတ်မြောက်ကာ လူသားများကို ကပ်ဘေး ဖြစ်စေနိုင်သည်ဟု ယုံကြည်သူဖြစ်ပြီး AI ဘေးကင်းမှု နှင့် ကျင့်ဝတ်ဆိုင်ရာအသုံးပြုမှု သေချာစေရန်အတွက် အရေးပါသောအရင်းအမြစ်များကို အပ်နှံကာ အချိန် မနှောင်းမီ ကြိုတင်လုပ်ဆောင်ရမည့် အစီအမံများ အတွက် အရေးတကြီးလိုအပ်ကြောင်း အလေးပေး ပြောကြားခဲ့ပါသည်။
ကိုးကား-Myanmar National Post