ဂျာမနီပြည်သူများ ဓာတ်ငွေ့ကိုချွေတာသုံးစွဲရန် တာဝန်ရှိသူသတိပေး

News Image

  • ဂျာမနီပြည်သူများ ဓာတ်ငွေ့ကိုချွေတာသုံးစွဲရန် တာဝန်ရှိသူသတိပေး

ဂျာမနီပြည်သူများအနေဖြင့် ဓာတ်ငွေ့ပြတ်လပ်မှုနှင့်မကြုံကြိုက်စေရေးအတွက် ထိုလောင်စာကိုချွေတာသုံးစွဲရန် ဂျာမနီစွမ်းအင်တာဝန်ရှိသူတစ်ဦးက သတိပေးတောင်းဆိုထားကြောင်း Die  Welt သတင်းစာက ဇန်နဝါရီလ ၁ ရက်တွင်ဖော်ပြထားသည်။

နိုင်ငံ၏ဓာတ်ငွေ့သုံးစွဲမှုပမာဏသည်၂၀၂၃ ခုနှစ် အောက်တိုဘာလမှ ဒီဇင်ဘာလထက် ၂၀၂၄ ခုနှစ် အလားတူကာလတွင်၅ ဒသမ ၈ ရာခိုင်နှုန်းတိုးမြင့်လာကြောင်း၊ စက်မှုလုပ်ငန်းများအနေဖြင့်မူ ဓာတ်ငွေ့သုံးစွဲမှုပမာဏ ၉ ဒသမ ၁ ရာခိုင်နှုန်းမြင့်တက်လာကြောင်း  သတင်းစာကဖော်ပြထားသည်ကိုတွေ့ရသည်။

ဂျာမနီနိုင်ငံသည် နိုင်ငံအတွက် လိုအပ်သောဓာတ်ငွေ့စုစုပေါင်းအနက် ထက်ဝက်ခန့်ကို ရုရှားနိုင်ငံမှဝယ်ယူအသုံးပြုနေရခြင်းဖြစ်ပြီး အနောက်အုပ်စုက ရုရှားနိုင်ငံအပေါ်  ပိတ်ဆို့မှုများချမှတ်ပြီးနောက် စွမ်းအင်ကဏ္ဍတွင် အထိခိုက်ရဆုံးမှာဂျာမနီနိုင်ငံဖြစ်သည်။

လက်ရှိကျရောက်နေသော ဆောင်းရာသီကာလအတွင်း နေအိမ်များကိုအနွေးဓာတ်ပေးနိုင်ရေးအတွက် ဓာတ်ငွေ့များကိုသာ အဓိကအသုံးပြုနေရခြင်းဖြစ်သည့်အတွက် ဆောင်းရာသီမကုန်မီ စွမ်းအင်ပြတ်လပ်မှုမဖြစ်စေရန်  တာဝန်ရှိသူကယခုကဲ့သို့ သတိပေးထားခြင်းဖြစ်ကြောင်းသိရသည်။

Ref: RT