အလိုအလျောက်မောင်းနှင်သည့် နည်းပညာ မြှင့်တင်ရန်အတွက်  တရုတ်က စည်းမျဉ်းစည်းကမ်းသစ်များကို အတည်ပြု

News Image

  • အလိုအလျောက်မောင်းနှင်သည့် နည်းပညာ မြှင့်တင်ရန်အတွက်  တရုတ်က စည်းမျဉ်းစည်းကမ်းသစ်များကို အတည်ပြု         တရုတ်နိုင်ငံ    မြို့တော်ပေကျင်းတွင် အလိုအလျောက် မောင်းနှင်သည့်နည်းပညာကို မြှင့်တင်ရန်အတွက် စည်းမျဉ်းစည်းကမ်းသစ်များကို မြို့တော်အာဏာပိုင်အဖွဲ့က ဒီဇင်ဘာလ ၃၁ ရက်တွင် အတည်ပြုခဲ့သည်။  မြို့တော်အာဏာပိုင်အဖွဲ့သည် မောင်းသူမဲ့ကား  သို့မဟုတ်  အလိုအလျောက်မောင်းနှင်သည့် မော်တော်ယာဉ်များအား ပုဂ္ဂလိကကဏ္ဍများ၊   မြို့တော်ဧရိယာအတွင်းပြေးဆွဲသည့် ဘတ်စကားများ၊ ဓာတ်ရထားများနှင့် အငှားယာဉ်များတွင် အစားထိုးအသုံးပြုရန် အားပေး

တရုတ်နိုင်ငံ မြို့တော်ပေကျင်းတွင် အလိုအလျောက် မောင်းနှင်သည့်နည်းပညာကို မြှင့်တင်ရန်အတွက် စည်းမျဉ်းစည်းကမ်းသစ်များကို မြို့တော်အာဏာပိုင်အဖွဲ့က ဒီဇင်ဘာလ ၃၁ ရက်တွင် အတည်ပြုခဲ့သည်။

မြို့တော်အာဏာပိုင်အဖွဲ့သည် မောင်းသူမဲ့ကား  သို့မဟုတ်  အလိုအလျောက်မောင်းနှင်သည့် မော်တော်ယာဉ်များအား ပုဂ္ဂလိကကဏ္ဍများ၊   မြို့တော်ဧရိယာအတွင်းပြေးဆွဲသည့် ဘတ်စကားများ၊ ဓာတ်ရထားများနှင့် အငှားယာဉ်များတွင် အစားထိုးအသုံးပြုရန် အားပေးလှုံ့ဆော်သွားမည်ဖြစ်သည်။ ထို့ပြင် မြို့တော်အတွင်း မောင်းသူမဲ့မော်တော်ယာဉ်များ အသုံးပြုနိုင်ရေးအတွက် မြို့အတွင်းရှိ အခြေခံအဆောက်အဦများကိုလည်း အဆင့်မြှင့်တင်ရန် အားပေးလျက်ရှိသည်။

တရုတ်အစိုးရသည် အလိုအလျောက်မောင်းနှင်နိုင်သည့် မော်တော်ကားများ အသုံးပြုခြင်းကို  ခွင့်ပြုပေးလျက်ရှိပြီး လက်ရှိတွင် နိုင်ငံအတွင်းရှိ  အနည်းဆုံးမြို့ကြီး ၁၉ မြို့သည်  အဆိုပါကားများကို စမ်းသပ်မောင်းနှင်လျက်ရှိသည်။

မြို့တော်အာဏာပိုင်များသည် မောင်းသူမဲ့အများပြည်သူသုံး ဘတ်စကားများနှင့် တက္ကစီများကို လာမည့်နှစ် ဧပြီလ ၁ ရက်မှစ၍ မောင်းနှင်ခွင့်ပေးရန် စီစဉ်လျက်ရှိသည်။

တရုတ်နိုင်ငံသည် နည်းပညာတိုးတက်မှုတွင် ထိပ်ဆုံးမှဦးဆောင်နေသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေသည့် လျှပ်စစ်ကားများနှင့် မောင်းသူမဲ့ကားများကိုလည်း ထုတ်လုပ်လျက်ရှိသည်။

Source: Myawady Web Portal