ရဟတ်ယာဉ်မှ လွှတ်နိုင်တဲ့ လှိုင်းဖျက်၊ ထောက်လှမ်း၊ တိုက်ခိုက်ရေးဒရုန်း
ဗြိတိန်တော်ဝင်လေတပ်က ရဟတ်ယာဉ်ပေါ်ကနေ ဒရုန်းတစ်မျိုးကို လွှတ်လိုက်တဲ့ ဗီဒီယိုတစ်ခုက အင်တာနက်ပေါ် တက်လာပါတယ်။ အဲဒီဗီဒီယိုတက်လာခြင်းက ခေတ်သစ်ဒရုန်းစစ်ပွဲမှာ ကဏ္ဍသစ်တစ်ခုကို ဖွင့်လှစ်လိုက်တာနဲ့ အတူတူပါပဲ။
သူတို့က FPV ဒရုန်းတွေကို CH-47 Chinook ရဟတ်ယာဉ်ပေါ်ကနေ လွှတ်လိုက်တာပါ။ အဲဒီဒရုန်းတွေက လှိုင်းနှုန်းတွေကို ဖိဖျက်နိုင်တယ်။ ထောက်လှမ်းရေးလည်းလုပ်နိုင်မယ်။ နောက်ဆုံးမှာ တိုက်ခိုက်ရေးကိုပါ လုပ်ဆောင်နိုင်မယ့်ဒရုန်းတွေဖြစ်ပါတယ်။ အခုလိုရဟတ်ယာဉ်ကို အသုံးပြုခြင်းကြောင့် ဒရုန်းအစင်းရေများစွာကို တစ်ပြိုင်နက်တည်း လွှတ်နိုင်မှာဖြစ်ပါတယ်။
Source: https://myawady.net.mm/
MM-News-Category