ကမ္ဘာပေါ်ရှိ ဘယ်ပစ်မှတ်ကိုမဆို မိနစ် ၃၀ အတွင်းထိမှန်မယ့် တရုတ်ရဲ့ အသံနှုန်းလွန် ဒုံးကျည်
အသံနှုန်းလွန်ဒုံးကျည်နည်းပညာတစ် ခေတ်ဆန်းသစ်လာချိန်မှာ တရုတ်နိုင်ငံကလည်း အသံနှုန်းလွန်ဒုံးကျည်အတွက် နောက်ထပ် အာမခံချက်တစ်ခုကိုပေးနိုင်ပြီဖြစ်ပါတယ်။ သူပေးတဲ့ အာမခံချက်ကတော့ ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်ပစ်မှတ်ကိုမဆို မိနစ် ၃၀ အတွင်းရောက်ရှိထိမှန်စေမယ့် ဒုံးကျည်တစ်မျိုးကို ထုတ်ဖော်ပြသလိုက်ပါတယ်။
အဲဒီဒုံးကျည်က အသံရဲ့အမြန်နှုန်းထက် အဆ ၂၀ ပိုမြန်တဲ့နှုန်းနဲ့သွားနိုင်မှာဖြစ်တယ်လို့ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ဒုံးတပ်ဖွဲ့မှ သုတေသနပညာရှင်များက ပြောပါတယ်။ ဒါ့အပြင် အဲဒီဒုံးကျည်ကို အာကာသကနေ ပစ်လွှတ်နိုင်မှာ ဖြစ်တဲ့အတွက် ရန်သူရဲ့ ဘယ်လိုမျိုးကြိုတင် သတိပေးစနစ်ကမှ အလုပ်ဖြစ်မှာ မဟုတ်ပေမယ့် သူတို့မှာ အားနည်းချက်ရှိနေသေးတယ်လို့ ထုတ်ပြန်ထားတာတွေ့ ရပါတယ်။
Source: https://myawady.net.mm/
MM-News-Category