PDF အကြမ်းဖက်သမားများထံ ပို့ဆောင်မည့် စက်သုံးဆီနှင့် ဆေးဝါးများ ဖမ်းဆီးရမိ
ဧရာဝတီတံတား (ရတနာပုံ) စစ်ဆေးရေးဂိတ်တွင် မန္တလေးမြို့မှ ဗိုလ်ကြီးဟိန်းဇာနည်ကျော် ဦးဆောင်သည့် ပူးပေါင်းအဖွဲ့များသည် အကြမ်းဖက်အဖွဲ့အစည်းများ ဝင်ရောက်မှုမရှိစေရန်၊ တရားမဝင်ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်မှုမရှိစေရန် ကုန်တင်ယာဉ်ကြီးများနှင့် ခရီးသည်တင်ယာဉ်များအား စစ်ဆေးခဲ့ရာ PDF အကြမ်းဖက်များထံ ပို့ဆောင်ပေးမည့် စက်သုံးဆီနှင့် ဆေးဝါးပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
စစ်ကိုင်းမှ မန္တလေးသို့ မောင်းနှင်လာသော အောင်နိုင်မန်း ခရီးတင်ယာဉ်အား ရပ်တန့်စစ်ဆေးစဉ် PDF အကြမ်းဖက် မသင်္ကာသူ ၁ ဦး တွေ့ရှိရသဖြင့် ဆက်လက်စစ်ဆေးရာ သီဟ ၊အသက် (၂၅) နှစ်၊ စဉ်ပါရွာ၊ ဝက်လက်မြို့နယ် နေသူတွင် ဦးခေါင်း နောက်စိတည့်တည့် ပြတ်ရှဒဏ်ရာ နှင့် နောက်ကြော တစ်လျှောက်ရိုက်နှက်ဒဏ်ရာများ တွေ့ရှိရသဖြင့် ဆက်စပ်၍ အကြမ်းဖက်အဖွဲ့အစည်း များနှင့် ဆက်သွယ်မှု ရှိ/မရှိ သိရှိနိုင်ရန် စစ်ဆေးနေကြောင်း သိရသည်။
ဖမ်းဆီးရမိ ဖြစ်စဉ်များတွင် သံဃာတော်တချို့ကလည်း PDF အကြမ်းဖက်သမားများအတွက် ဆေးဝါးနှင့်စက်သုံးဆီများ ပို့ဆောင်ပေးနေသည်ကို စိစစ်တွေ့ရှိခဲ့ရသည်။
ကိုးကား-Myanmar National Post