Brahmos ဒုံးကျည်များဖြင့် ဒုံးကျည်အဓိကတင်ပို့သူဖြစ်လာမယ့် အိန္ဒိယ
အိန္ဒိယနိုင်ငံက လက်ရှိမှာဒုံးကျည်ကို အဓိကတင်ပို့သူဖြစ်လာမယ့်အနေအထားကိုရောက်ရှိနေပါပြီ။ အကြောင်းရင်းကတော့ ဗီယက်နမ်ကို Brahmos ဒုံးကျည် များတင်ပို့ရောင်းချဖို့အတွက် သဘောတူညီချက်ရရှိလိုက်လို့ပါပဲ။ သဘောတူညီချက်ရဲ့တန်ဖိုးက အမေရိကန်ဒေါ်လာသန်း ၇၀၀ ရှိပါတယ်။
အခုလို ဒုံးကျည်များတင်ပို့ရေးအတွက် သဘောတူညီချက်ရရှိလိုက်ခြင်းက အိန္ဒိယအစိုးရရဲ့ ကျယ်ပြန့်လှသောမဟာဗျူဟာဖြစ်တဲ့ ကာကွယ်ရေးမှာကိုယ့်အားကိုယ်ကိုးရေး၊ ပြည်ပမှသွင်းကုန်များအပေါ်မှီခိုနေရမှုကိုလျှော့ချရေး၊ ပြည်တွင်းဖြစ်နည်းပညာများရဲ့ စွမ်းဆောင်ရည်များကို ကမ္ဘာသိထုတ်ဖော်ပြသရေးဆိုတဲ့ အချက်များနဲ့အညီဖြစ်ပါတယ်။
ဒါ့အပြင် ကမ္ဘာ့စင်မြင့်ထက်မှာ အဆင့်မြင့်ကာကွယ်ရေးပစ္စည်းများရောင်းချနိုင်တဲ့ နိုင်ငံအဖြစ်ဆီသို့ အိန္ဒိယနိုင်ငံကတက် လှမ်းလာနိုင်မှုကိုလည်း ဖော်ပြနေတာဖြစ် ပါတယ်။
Brahmos ဒုံးကျည်ဆိုတာ အသံထက်မြန် ဒုံးကျည်ဖြစ်ပြီး အိန္ဒိယနဲ့ရုရှားနိုင်ငံတို့ကြား ကာကွယ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုရဲ့ အသီးအပွင့်လည်းဖြစ်ပါ တယ်။ Brahmos ဒုံးကျည်က ကီလိုဂရမ် ၃၀၀ အလေးချိန်ရှိတဲ့ထိပ်ဖူးကိုသယ်နိုင်ကာ မြေပြင်၊ ရေပြင်၊ ဝေဟင်တို့ကနေ အသုံးပြုနိုင်ပြီး ကီလိုမီတာ ၆၀၀ အထိ ရောက်ရှိနိုင်စွမ်းရှိပါတယ်။
Ref: ARK.H
Source: Myawady Web Portal