တူကီယဲရဲ့စွမ်းရည်ကိုပြန်လည်သတ်မှတ်ပေးမယ့် Altay ပင်မတိုက်ပွဲဝင်တင့်

News Image

  • တူကီယဲရဲ့စွမ်းရည်ကိုပြန်လည်သတ်မှတ်ပေးမယ့် Altay ပင်မတိုက်ပွဲဝင်တင့်

Altay ပင်မတိုက်ပွဲဝင်တင့်က ၂၀၂၅ ခုနှစ် ဩဂုတ်လမှာ တူကီယဲကြည်းတပ်ရဲ့စစ်လက်နက်တစ်ခု ဖြစ်လာတော့မှာ ဖြစ်ပါတယ်။ အဲဒီပင်မတိုက်ပွဲဝင်တင့်ဆိုတာက သံချပ်ကာယာဉ်များရဲ့မျိုးဆက်အသစ်တစ်ခုကို ကိုယ်စားပြုနေတဲ့အပြင် ခေတ်သစ်ခြေလျင်တပ်ဖွဲ့တွေရဲ့ လိုအပ်ချက်တွေနဲ့ပြည့်မီအောင်လည်းတီထွင်ဖန်တီးထားတာကြောင့် တူကီယဲရဲ့စွမ်းရည်ကိုပြန်လည်သတ်မှတ်ပေးမယ့် တင့်တစ်စီးဆိုရင်လည်း မမှားပါဘူး။

Altay ပင်မတိုက်ပွဲဝင်တင့်ကိုရရှိနိုင်ဖို့အတွက် တူကီယဲကာကွယ်ရေးကုမ္ပဏီများစွာက ပူးပေါင်းဆောင်ရွက်ထားကြတာပါ။ သူ့မှာ သွယ်ဝိုက်ကာကွယ်မှုစနစ်နဲ့ပေါက်ကွဲမှုကို တုံ့ပြန်တဲ့သံချပ်ကာပစ္စည်းတွေပါဝင်ပါတယ်။ ဒါ့အပြင် တိုက်ရိုက်ကာကွယ်ရေးစနစ်ကိုလည်း တပ်ဆင်ထားပါတယ်။ ဒီစနစ်တွေက ကုမ္ပဏီတစ်ခုချင်းစီကပါ။ အခုလိုပေါင်းစပ်လိုက်တဲ့အတွက်တိုက်ယာဉ်အဖွဲ့သားလေးဦးလိုက်ပါနိုင်တဲ့ ပင်မတိုက်ပွဲဝင်တင့်က တစ်ဖက်မှာရန်သူကို စိတ်ရှိလက်ရှိချေမှုန်းနိုင်နေစဉ် တခြားတစ်ဖက်မှာတော့ မိုင်းများ၊ ဖောက်ခွဲရေး ပစ္စည်းများကိုခံနိုင်ရည်ရှိကာ ရှင်သန်နိုင်စွမ်းကို တိုးမြင့်စေမှာဖြစ်ပါတယ်။

Altay ပင်မတိုက်ပွဲဝင်တင့်ကို ပြည်တွင်းနည်းပညာနဲ့ပဲ ပြည်တွင်းမှာထုတ်လုပ်ဖို့ ၂၀၀၀ ပြည့်နှစ်နှောင်းပိုင်းလောက်ကတည်းက စတင်လုပ်ဆောင်ခဲ့တာဖြစ် ပါတယ်။                            

Ref: AR K.H

Source: Myawady Web Portal