နိုင်ငံအတွင်းလုပ်ဆောင်မည့် အကြမ်းဖက်တိုက်ခိုက်မှုကြီး တစ်ရပ်ကို ရုရှားဖြိုခွင်းပြီး လူလေးဦး ကိုဖမ်းဆီး

News Image

  • နိုင်ငံအတွင်းလုပ်ဆောင်မည့် အကြမ်းဖက်တိုက်ခိုက်မှုကြီး တစ်ရပ်ကို ရုရှားဖြိုခွင်းပြီး လူလေးဦး ကိုဖမ်းဆီး

ရုရှားနိုင်ငံ ယူရယ်လ်ဒေသရှိ ယေကာ တာရင်ဘာ့ဂ်မြို့၌ လုပ်ဆောင်ရန်စီစဉ်ထားသည့် အကြမ်းဖက်တိုက်ခိုက်မှုကြီးတစ်ရပ်ကို  ဖြိုခွင်းနိုင်ခဲ့ပြီး  လူလေးဦးကိုလည်း ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ရုရှားပြည်ထောင်စုလုံခြုံရေးအဖွဲ့က ထုတ်ပြန်သည်။

လုံခြုံရေးအဖွဲ့သည် လက်လုပ်ဗုံးပြုလုပ်ရာတွင် အသုံးပြုသည့်အစိတ်အပိုင်းများကို ရှာဖွေဖော်ထုတ်နိုင်ခဲ့သည်။ ဖမ်းဆီးထိန်းသိမ်းခံထားရသူများမှာ ရုရှားနိုင်ငံသား ဆယ်ကျော်သက်အရွယ်များဖြစ်ကြောင်း လုံခြုံရေးအဖွဲ့က ဇန်နဝါရီလ ၄ ရက်တွင်ပြောသည်။ သို့သော် ၎င်းတို့မှာ မည်သူမည်ဝါဖြစ်ကြောင်းကို ရုရှားလုံခြုံရေးအဖွဲ့က  ထုတ်ဖော်ပြောကြားထားခြင်းမရှိပေ။

အဆိုပါဆယ်ကျော်သက်များသည် ရုရှားအစိုးရက တားမြစ်ထားသည့် အကြမ်းဖက်အဖွဲ့အစည်း၏ အယူအဆများကို မျှဝေခဲ့ကြပြီး  လက်လုပ်ဗုံးဖြင့် အကြမ်းဖက်တိုက်ခိုက်ရန်စီစဉ်ခဲ့ကြကြောင်း သိရသည်။

ဖမ်းဆီးခံထားရသူ ဆယ်ကျော်သက် လူငယ်များအနက်  နှစ်ဦးမှာ  ယခင်ကပြည်ထဲရေးဝန်ကြီးဌာနပိုင် မော်တော်ကားတစ်စီးအား မီးရှို့တိုက်ခိုက်မှုတွင်ပါဝင်ခဲ့ဖူးကြောင်း   Interfax   သတင်း အေဂျင်စီက ဖော်ပြသည်။

Ref: ST

Source: Myawady Web Portal