အီဂျစ်က ဆီးရီးယားသို့ အကူအညီပေးရေး လေယာဉ်တစ်စင်း စေလွှတ်
ကိုင်ရို ဇန်နဝါရီ ၅
အီဂျစ်နိုင်ငံသည် ပြီးခဲ့သည့်လအစောပိုင်းက ဆီးရီးယားသမ္မတဟောင်း ဘတ်ရှာအယ်လ်အာဆက် အစိုးရပြုတ်ကျချိန်မှစကာ ပထမဆုံးအကြိမ်အဖြစ် ဆီးရီးယားနိုင်ငံမြို့တော် ဒမတ်စကတ်သို့ ကယ်ဆယ်ရေးလေယာဉ်တစ်စင်း စေလွှတ်ခဲ့ကြောင်း သိရသည်။
အီဂျစ်လခြမ်းနီက ဆီးရီးယားအာရပ်လခြမ်းနီသို့ ကူညီပေးအပ်ခဲ့သည့် အီဂျစ်အဲအရပ်ဘက်လေယာဉ်သည် အစားအစာနှင့် ဆေးဝါးများအပါအဝင် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ ၁၅ တန် သယ်ဆောင်လာကြောင်း အီဂျစ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ ဒမတ်စကတ်ရှိ အီဂျစ်သံရုံးမှ သံတမန်က လေဆိပ်၌ အကူအညီများရရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။
အဆိုပါ အကူအညီသည် နှစ်နိုင်ငံသမိုင်းဝင်ဆက်ဆံရေးကို ပေးအပ်သည့် ဆီးရီးယားပြည်သူများအားကူညီရန် အီဂျစ်နိုင်ငံ၏ ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ဆင်ဟွာ
Source: မြန်မာ့အလင်းသတင်းစာ