Biden က အီရန်နျူကလီးယားနေရာများကို တိုက်ခိုက်ရန် စဉ်းစားထားကြောင်း Axios ဖော်ပြ

News Image

  • Biden က အီရန်နျူကလီးယားနေရာများကို တိုက်ခိုက်ရန် စဉ်းစားထားကြောင်း Axios ဖော်ပြ

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် အီရန်၏ နျူကလီးယား စက်ရုံများအပေါ် စစ်ရေးအရ အရေးယူဆောင်ရွက်ရန် အဆင့်မြင့်အစည်းအဝေးတစ်ခုကို လွန်ခဲ့သည့်ရက် သတ္တပတ်များက ပြုလုပ်ခဲ့ကြောင်း Axios မှ ကိုးကား ဖော်ပြသည့် သတင်းရင်းမြစ်များအရ သိရသည်။

အဆိုပါဆွေးနွေးမှုများတွင် အီရန်အနေဖြင့် နျူကလီးယား လက်နက်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းမှုများ ရည်မှန်းချက်အောင်မြင်လာနိုင်သည့် အခြေအနေများ အတွက် ဇန်နဝါရီ ၂၀ ရက် ဘိုင်ဒင် ရာထူးမှ မထွက်ခွာမီ အရေးပေါ်စီစဉ်မှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း သိရသည်။

အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan က အစည်းအဝေးအတွင်း Biden အား ဆောင်ရွက်နိုင်မည့် နည်းလမ်းများစွာကို တင်ပြခဲ့သော်လည်း သမ္မတက မည်သည့်နည်းလမ်းကိုမျှ အတည်မပြုခဲ့ကြောင်း၊ စစ်ရေးတိုက်ခိုက်မှုများနှင့်ပတ်သက်၍ လက်ရှိအချိန်အထိ ဆွေးနွေးမှုများ ပြုလုပ်နေဆဲဖြစ်ကြောင်း အဆိုပါ သတင်းရင်းမြစ်များက ဆက်လက်ဖော်ပြထားသည်။

ကိုးကား-RT