ရေတာရှည်မြို့နယ်အတွင်း နယ်မြေရှင်းလင်းစဉ် KNLA/ PDF အကြမ်းဖက် ၁၀ လောင်းနှင့် လက်နက်ခဲယမ်းများ ရရှိ

News Image

  • ရေတာရှည်မြို့နယ်အတွင်း နယ်မြေရှင်းလင်းစဉ် KNLA/ PDF အကြမ်းဖက် ၁၀ လောင်းနှင့် လက်နက်ခဲယမ်းများ ရရှိ

ရေတာရှည်မြို့နယ် ရေလွှရွာအနီး ယနေ့ ဇန်နဝါရီလ ၃ ရက်နေ့ မနက် ၈ နာရီခန့်က KNLA တပ်မဟာ (၃) နှင့် အကြမ်းဖက် PDF ပူးပေါင်းအဖွဲ့များ ရောက်ရှိနေကြောင်း အကြမ်းဖက်မှုကိုမလိုလားသည့် ဒေသခံပြည်သူများမှ လုံခြုံရေးတပ်ဖွဲ့ဝင်များထံ သတင်းပေးပို့ခဲ့မှုကြောင့်လုံခြုံရေးတပ်ဖွဲ့ဝင်များမှ နယ်မြေရှင်းလင်းရေး ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်သမား ၁၀ လောင်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့သည်။

နယ်မြေရှင်းစစ်ကြောင်းနှင့် အကြမ်းဖက်သမားများ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမား ထိခိုက်သေဆုံးသူများပြီး ထွက်ပြေးသွားခဲ့သည်။ အကြမ်းဖက်အဖွဲ့များနောက်သို့ လုံခြုံရေးအဖွဲ့များမှ လိုက်လံရှင်းလင်းခဲ့ရာ အကြမ်းဖက်သမားအလောင်း (၁၀) လောင်း၊ လက်နက်မျိုးစုံ (၁၀) လက် Type-81 (၅) လက်၊ M-4 (၁) လက်၊ MA-1 (၁) လက်၊ လက်လုပ်သေနတ် (၃) လက်နှင့် ခဲယမ်းဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ သည်။

တာဝန်သိ ဒေသခံပြည်သူများအနေဖြင့် မိမိရပ်/ရွာ လုံခြုံရေးအတွက် အကြမ်းဖက်သမား လှုပ်ရှားမှုသတင်းရရှိပါက လျှို့ဝှက်စွာဖြင့် ချက်ချင်းသတင်းပေးကြခြင်းဖြင့် ကိုယ့်ရပ်ကိုယ့်ရွာ အကြမ်းဖက်ဘေးအန္တရာယ်ကင်းဝေးစေရန် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက်နိုင်ပါသည်။

ကိုးကား-Myanmar National Post