ကမ္ဘာ့အသက်အကြီးဆုံးပုဂ္ဂိုလ် ကွယ်လွန်
ကမ္ဘာ့အသက်အကြီးဆုံးပုဂ္ဂိုလ် တိုမီကို အီတူကာသည် အသက် ၁၁၆ နှစ်တွင် ကွယ်လွန်သွားခဲ့ပြီဖြစ်သည်။ လက်ရှိ ကမ္ဘာ့အသက်အကြီးဆုံးပုဂ္ဂိုလ်အဖြစ် အီတူကာထက် ၁၆ ရက် ငယ်သော ဘရာဇီးလ်သီလရှင် အင်နာ့ချ်ကာနာဘာရိုလူကပ်စ်က မှတ်တမ်းဝင်ခဲ့သည်။
Itoka သည် မေလ ၂၃ ရက်၊ ၁၉၀၈ ခုနှစ်တွင် ဂျပန်နိုင်ငံ၊ အိုဆာကာတွင် မွေးဖွားခဲ့ပြီး ကမ္ဘာစစ်နှစ်ခုကို ဖြတ်သန်း နေထိုင်ခဲ့ကာ ရာစုနှစ်တစ်ခုကျော် အသက်ရှင်နေထိုင် နိုင်ခဲ့သည်။ ငယ်စဉ်ကတည်းက အထက်တန်းကျောင်း ဘော်လီဘောကစားသမားတစ်ဦးဖြစ်ပြီး အွန်တာကီ တောင်ကို နှစ်ကြိမ်တက်ရောက်နိုင်ခဲ့သည်။
အသက် ၁၁၇ နှစ်အရွယ် Maria Branyas သေဆုံး ပြီးနောက် အီတူကာသည် ကမ္ဘာ့အသက်အကြီးဆုံး သက်ရှိထင်ရှားပုဂ္ဂိုလ်အဖြစ် ၂၀၂၄ ခုနှစ် သြဂုတ်လတွင် တရားဝင်အသိအမှတ်ပြုခံခဲ့ရသည်။
အီတူကာ သည် ငှက်ပျောသီးနှင့် Calpis ကြွယ်ဝသည့် ဂျပန်ရိုးရာဒိန်ချဉ်ဖျော်ရည်ကို နှစ်ခြိုက်စွာ စားသုံးလေ့ရှိကြောင်းသိရသည်။
သူမသည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ဂျပန်နိုင်ငံ၊ ဟိုဂိုစီရင်စု အီရှီယာရှိ ပြုစုစောင့်ရှောက်ရေးဂေဟာတွင် ငြိမ်းချမ်းစွာ ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် သားတစ်ဦး၊ သမီးတစ်ဦးနှင့် မြေးငါးဦး ကျန်ရစ်ခဲ့သည်။
ကိုးကား-RT