ပူတင်အနေဖြင့် ဂျာမနီအဓိပတိ Olaf Scholz နှင့် ဒေါ်နယ်ထရမ့်တို့နှင့် တွေ့ဆုံရန် အစီအစဉ်မရှိ

News Image

  • ပူတင်အနေဖြင့် ဂျာမနီအဓိပတိ Olaf Scholz နှင့် ဒေါ်နယ်ထရမ့်တို့နှင့် တွေ့ဆုံရန် အစီအစဉ်မရှိ

ရုရှားသမ္မတဗလာဒီမာပူတင်အနေဖြင့် လက်ရှိအချိန်တွင် ဂျာမနီအဓိပတိ Olaf Scholz နှင့်လည်းကောင်း၊ အမေရိကန်ရွေးကောက်ခံ သမ္မတဒေါ်နယ်ထရမ့်နှင့် လည်းကောင်း တွေ့ဆုံရန် အစီအစဉ်မရှိကြောင်း ကရင်မလင်ပြောခွင့်ရပုဂ္ဂိုလ် Dmitry Peskov က ပြောကြားလိုက်ပါသည်။ 

“လောလောဆယ်မှာ ရုရှားခေါင်းဆောင်အနေဖြင့် သူတို့နဲ့တွေ့ဆုံဖို့ အစီအစဉ်မရှိသေးပါဘူး” ဟု Peskov က သတင်းစာရှင်းလင်းပွဲမှာ ထိုကိစ္စနှင့်ပတ်သက်သည့် မေးမြန်းလာမှုအပေါ် ပြန်လည်ဖြေကြားလိုက်ခြင်း ဖြစ်ပါသည်။ 

အစောပိုင်းတွင် ဂျာမနီအဓိပတိသည် ဖေဖော်ဝါရီ လကုန်တွင် မော်စကိုသို့ လာရောက်၍ ပူတင်နှင့် တွေ့ဆုံမည်ဖြစ်ကြောင်းနှင့် မတ်လပိုင်းတွင် ဒေါ်နယ်ထရမ့်နှင့် ပူတင်တို့ တွေ့ဆုံနိုင်ဖွယ်ရှိမည်ဖြစ်ကြောင်း သတင်းထွက်ပေါ်မှုများ ရှိခဲ့သည်။

ကိုးကား - TASS