မြောက်ကိုရီးယားက ယခုနှစ် ပထမဆုံးပစ်လွှတ်လိုက်သည့် ဟိုက်ပါဆိုးနစ်ဒုံးကျည်မှာ အသံထက် ၁၂ ဆ မြန်ကြောင်း ပြောကြား
ပစိဖိတ်ဒေသအတွင်း ပြိုင်ဘက်ကင်းသည့် အသံထက်မြန်သော တာလတ်ပစ် ပဲ့ထိန်းဒုံးကျည်သစ်ကို ဇန်နဝါရီ ၆ ရက်နေ့ နေ့လယ်ပိုင်းတွင် ပစ်လွှတ်ခဲ့ကြောင်း မြောက်ကိုရီးယားက အခိုင်အမာ ပြောကြားလိုက်ပါ သည်။
မြောက်ကိုရီးယား၏ ၂ လတာ အတွင်း ပထမဆုံး အကြိမ် ဒုံးကျည်ပစ်လွှတ်လိုက်ချိန်မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken သည် တောင်ကိုးရီးယားခေါင်းဆောင်အချို့နှင့် တွေ့ဆုံဆွေးနွေးရန် ဆိုးလ်သို့ရောက်ရှိနေချိန်နှင့် တိုက်ဆိုင် နေပါသည်။
ဟိုက်ပါဆိုးနစ်ဒုံးကျည်အမျိုးအစားများမှာ အသံထက် ငါးဆထက်မက မြန်ဆန်ပီး ခြေရာခံ၍ ပစ်ချရန်အလွန် ခက်ခဲပါသည်။ မြောက်ကိုရီးယားကမူ ၎င်းတို့ ယခု ပစ်လွှတ်လိုက်သော ဒုံးကျည်မှာ အသံထက် ၁၂ ဆ မြန်ဆန်ပြီး ကီလိုမီတာ ၁၅၀၀ ပျံသန်းနိုင်ကြောင်း ပြောကြားလိုက်သည်။
ကိုးကား - BBC
MM-News-Category