၂၀၂၄ ခုနှစ်တွင် ထိုင်ဝမ်အစိုးရကို တရုတ်နိုင်ငံက ဆိုက်ဘာတိုက်ခိုက်မှု တစ်ရက်လျှင် ပျမ်းမျှ ၂.၄ သန်း ရှိကြောင်း အစီရင်ခံစာ ထုတ်ပြန်
ထိုင်ဝမ်အစိုးရဌာနများကို တရုတ်နိုင်ငံဆိုက်ဘာ တိုက်ခိုက်မှုများမှာ ၂၀၂၃ ခုနှစ် တစ်ရက်လျှင် ပျမ်းမျှ ၁.၂ သန်းရှိခဲ့သော်လည်း ၂၀၂၄ ခုနှစ်တွင်မူ တစ်ရက်လျှင် ပျမ်းမျှ ၂.၄ သန်းအထိ နှစ်ဆမြင့်တက်လာခဲ့ကြောင်း ထိုင်ဝမ်အမျိုးသားလုံခြုံရေးဗျူရို၏ ဇန်နဝါရီလ ၅ ရက် နေ့တွင် ထုတ်ပြန်သည့် အစီရင်ခံစာအရ သိရပါသည်။
တရုတ်နိုင်ငံသည် ဟက်ကာတိုက်ခိုက်မှုများ ပြုလုပ်လေ့ရှိကြောင်း နိုင်ငံအတော်များများ၏ အစိုးရများက မကြာခဏဆိုသလို စွပ်စွဲလေ့ရှိပြီး တရုတ်ဖက်ကလည်း ပါဝင်ပတ်သက်ခြင်းမရှိကြောင်း ငြင်းဆိုလေ့ရှိပါသည်။ ပြီးခဲ့သည့်သီတင်းပတ်က အမေရိကန်ဘဏ္ဍာရေးဌာနမှ စာရွက်စာတမ်းများကို တရုတ်ဟက်ကာများက ခိုးယူခဲ့သည်ဟု စွပ်စွဲခံထားသည်။
ကိုးကား - CNA
MM-News-Category