အထူးစစ်ဆင်ရေးဇုန်အတွင်း တစ်ရက်လျှင် ယူကရိန်း တပ်မတော်၏ ဆုံးရှုံးမှုပမာဏမှာ စစ်မှုထမ်း ၁၆၃၅ ဦးရှိကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်

News Image

  • အထူးစစ်ဆင်ရေးဇုန်အတွင်း တစ်ရက်လျှင် ယူကရိန်း တပ်မတော်၏ ဆုံးရှုံးမှုပမာဏမှာ စစ်မှုထမ်း ၁၆၃၅ ဦးရှိကြောင်း ရုရှားကာကွယ်ရေး ဝန်ကြီး ဌာနက သတင်းထုတ်ပြန်

အထူးစစ်ဆင်ရေးဇုန်အတွင်း တစ်ရက်လျှင် ယူကရိန်းတပ်မတော်၏ ဆုံးရှုံးမှုပမာဏမှာ စစ်မှုထမ်း ၁၆၃၅ ဦးရှိကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်ခဲ့ပါသည်။

ဇန်နဝါရီ ၇ ရက်နေ့အတွင်း ရုရှားတပ်မတော်သည် ယူကရိန်းတို့၏ စစ်လေယာဉ်ကွင်းများ၊ လက်နက်သိုလှောင်ရုံများနှင့် ခရိုင် ၁၆၄ ခုရှိ ယူကရိန်းစစ်တပ်နှင့် ကြေးစားစစ်သားများ၏ နည်းပညာဆိုင်ရာ ပစ္စည်းများ သိုလှောင်ရာနေရာများကို ချေမှုန်းခဲ့ပါသည်။

ထို့အပြင် ပြီးခဲ့သည့် ၂၄နာရီ အတွင်း Kursk ဒေသရှိ ယူကရိန်းတပ်ဖွဲ့များ၏ ဆုံးရှုံးမှုပမာဏမှာ စစ်ဘက်ဆိုင်ရာဝန်ထမ်း ၃၂၅ ဦးထက်မနည်းကျဆုံးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါသည်။

ကိုးကား - TASS