အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏ အစိုးရအဖွဲ့သည် ယူကရိန်းသို့ နောက်ဆုံးအကြိမ်အဖြစ် အကြီးမားဆုံး စစ်ရေးအကူအညီပေးပို့ရေး အစီအစဉ်ကို ဇန်နဝါရီလ ၉ ရက်နေ့တွင် ကြေညာမည်

News Image

  • အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏ အစိုးရအဖွဲ့သည် ယူကရိန်းသို့ နောက်ဆုံးအကြိမ်အဖြစ် အကြီးမားဆုံး စစ်ရေးအကူအညီပေးပို့ရေး အစီအစဉ်ကို ဇန်နဝါရီလ ၉ ရက်နေ့တွင် ကြေညာမည်

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏အစိုးရအဖွဲ့သည် ယူကရိန်းသို့ နောက်ဆုံးအကြိမ်အဖြစ် အကြီးမားဆုံး စစ်ရေးအကူအညီပေးပို့ရေး အစီအစဉ်ကို ဇန်နဝါရီလ ၉ ရက်နေ့တွင် ကြေညာမည်ဖြစ်ကြောင်း ပင်တဂွန်မှ သတင်းရင်းမြစ်များက The Associated Press သို့ ပြောကြားခဲ့ပါသည်။

အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin ၏ ဂျာမနီနိုင်ငံခရီးစဉ်အတွင်း ယူကရိန်းကို ထောက်ခံသည့် မိတ်ဖက်နိုင်ငံပေါင်း ၅၀ ခန့်မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံချိန်တွင် အဆိုပါကြေညာချက်ကို ထုတ်ပြန်ဖွယ် ရှိပါသည်။ အဆိုပါ စစ်ရေးအကူအညီ၏ ပမာဏကို မဖော်ပြထားသော်လည်း အမေရိကန် ကွန်ဂရက်က ယူကရိန်းအား ကူညီရန်ကျန်ရှိနေသည့် ပမာဏ ဒေါ်လာ ၄ ဘီလီယံခန့် အားလုံးကို ထည့်သွင်းမည်မဟုတ်ကြောင်း သတင်းရင်းမြစ်များက ပြောကြားခဲ့ပါသည်။

ကိုးကား - TASS