ရေအောက်အခြေခံအဆောက်အဦများကို ကာကွယ်ရန်အတွက် နေတိုးက ဘောတစ်ပင်လယ်သို့ စစ်ရေယာဉ် ၁၀ စင်းခန့်စေလွှတ်မည်
နေတိုးအဖွဲ့အနေဖြင့် ရေအောက်အခြေခံအဆောက်အဦများကို ကာကွယ်ရန်အတွက် ဘောတစ်ပင်လယ်သို့ စစ်ရေယာဉ် ၁၀ စင်းခန့်စေလွှတ်မည်ဖြစ်ကြောင်း အဆိုပါအဖွဲ့၏ ပြောကြားချက်ကို ကိုးကား၍ နီးစပ်သည့် သတင်းအရင်းအမြစ်များကပြောသည်။
နေတိုးတပ်ဖွဲ့မှ စစ်သင်္ဘောများသည် ဘောတစ်ပင်လယ်သို့ ယခုသီတင်းပတ်အကုန်ပိုင်းတွင် ရောက်ရှိမည်ဖြစ်ပြီး ၎င်းသင်္ဘောများသည် စွမ်းအင်နှင့်တယ်လီကွန်မြူနီကေးရှင်းဆိုင်ရာ ဆက်သွယ်ရေးကြိုးများအနီးတွင် နေရာယူသွားမည်ဖြစ်ကြောင်း ဖင်လန်သတင်းဌာနတစ်ခုက ထုတ်ပြန်သည်။
အဆိုပါဒေသအတွင်းရှိ ရေအောက်ကေဘယ်လ်ကြိုးများသည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နှင့် ၂၆ ရက်တို့တွင် ပြတ်တောက်သွားခဲ့ရာ ၎င်းကြိုးများအနက်သုံးကြိုးမှာ ဖင်လန်နှင့် အက်စတိုးနီးယားတို့ကြား ဆက်သွယ်ထားသော ကြိးများဖြစ်ပြီး ကျန်တစ်ကြိုးမှာ ဖင်လန်နှင့် ဂျာမနီတို့ကြား ဆက်သွယ်ထားကြောင်း သိရသည်။
Source: မြဝတီသတင်းစာ
MM-News-Category