အဝေးထိန်းအာရုံခံဂြိုဟ်တုအုပ်စု Yaogan-40 02 အား တရုတ်နိုင်ငံက အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့
တရုတ်နိုင်ငံ ထိုက်ယွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာက ပြုပြင်ပြောင်းလဲထားသော Long March-6 သယ်ဆောင်ရေးဒုံးပျံကိုအသုံးပြုပြီး အဝေးထိန်း အာရုံခံဂြိုဟ်တုအုပ်စု Yaogan-40 02 ကို ဒေသစံတော်ချိန် မေ ၁၂ ရက် ည ၉ နာရီ ၂၇ မိနစ်တွင် အောင်မြင်စွာ လွှတ်တင်ခဲ့ရာ ဂြိုဟ်တုမှာ သတ်မှတ်ဂြိုဟ်ပတ်လမ်းသို့ အဆင်ပြေချောမွေ့စွာ ရောက်ရှိသွားပြီး လွှတ်တင်ရေး မစ်ရှင် အပြည့်အဝ အောင်မြင်ခဲ့ကြောင်း သိရသည်။ Yaogan-40 02 ဂြိုဟ်တု အုပ်စုကို အဓိကအားဖြင့် လျှပ်စစ်သံလိုက်ဝန်းကျင် စူးစမ်းရှာဖွေရေးလုပ်ငန်းများနှင့် သက်ဆိုင်သော နည်းပညာစမ်းသပ်မှုများ ပြုလုပ်ရန်အတွက် အသုံးပြုခြင်းဖြစ်ကြောင်း သိရသည်။
ယခုအကြိမ်မစ်ရှင်သည် Long March စီးရီး သယ်ဆောင်ရေးဒုံးပျံ၏ ၅၇၄ ကြိမ်မြောက် ပျံသန်းမှုဖြစ်ကြောင်း သိရသည်။
ကိုးကား- Xinhua
MM-News-Category